မိုင်းညှင်းဒေသရှိ ကျေးရွာအချို့တွင် မိုဘိုင်းဆက်သွယ်ရေးစခန်းများ လတ်တလော တည်ဆောက်ရန် အစီအစဉ်မရှိသေး

မိုင်းညှင်းဒေသအတွင်းရှိ ကျေးရွာငါးရွာမှာ မြန်မာ့ဆက်သွယ်ရေး (MPT-GSM) လက်ကိုင်ဖုန်းတွေ အသုံးပြုခွင့် ရရှိဖို့ မိုဘိုင်းဆက်သွယ်ရေးစခန်းတွေနဲ့ တာဝါတိုင်တွေ တည်ဆောက်ပေးဖို့ လောလောဆယ် အစီအစဉ်မရှိသေးကြောင်း ဇန်နဝါရီလ ၂၃ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကနေ သိရပါတယ်။

မိုင်းညှင်းဒေသရှိ မိုးညှင်း၊ ဟုတ်ပုံ၊ ဝမ်ပင်း၊ ဝမ်အွမ်နှင့် ပါပွန်းကျေးရွာအုပ်စု အနောက်ဘက်ခြမ်းတွင် မြန်မာ့ဆက်သွယ်ရေး (MPT-GSM) လက်ကိုင်ဖုန်းများ အသုံးပြုခွင့်ရရှိရန် ဆောင်ရွက်ပေးမည့် အစီအစဉ်များသိလိုခြင်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ မိုင်းခတ်မြို့နယ်အတွင်းရှိ လွယ်မီးကျေးရွာတွင် CDMA-450 MHz စခန်း (၁) ခုနှင့် GSM စခန်း (၁) ခု၊ ဝမ်ခုတ်ကျေးရွာအုပ်စု သံခမောက်တောင်တွင် GSM စခန်း (၁) ခုနှင့် မိုင်းခတ်မြို့တွင် GSM စခန်း (၁) ခု၊ စုစုပေါင်း စခန်း (၄) ခုကို ဖွင့်လှစ်၍ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြားခဲ့ပါတယ်။

-ထွန်းထွန်း