မိသားစုလုံခြုံရေး Family Safety app ကို Microsoft ဖြန့်ချိ

Microsoft ဟာ iOS နဲ့ Android အတွက် Family Safety app အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ Microsoft ဟာ လအနည်းငယ်အတွင်း app ကိုစမ်းသပ်နေတာ ကြာမြင့်ပါပြီ။ မိသားစုဝင်တွေက screen နဲ့ app အသုံးပြုမှုကို စီမံခန့်ခွဲပေးပါမယ်။ မိသားစုတွေက Family Saftey app ကိုအသုံးပြုပြီး app သုံးစွဲမှုနဲ့ screen အသုံးပြုမှုအချိန် အစီရင်ခံစာကို ဖတ်နိုင်သလို ကလေးတွေအတွက် app အသုံးပြုမှု အချိန်ကို ကန့်သတ်နိုင်ပါတယ်။

Microsoft Family Safety ကို Windows, Xbox နဲ့ Android မှာအသုံးပြုနိုင်ပါတယ်။ ဂိမ်းတွေနဲ့ app အသုံးပြုမှုအချိန်ကို ထုတ်ကုန်များစွာမှာ syn လုပ်ပြီး ကန့်သတ်နိုင်ပါတယ်။ ကလေးတွေ Minecraf ဒါမှမဟုတ် Fortnite ပိုကစားဖို့ စမတ်ဖုန်းလဲလှယ်မှုကို တားဆီးပေးနိုင်ပါတယ်။ တချို့ app တွေကိုတော့ လုံးဝပိတ်ပင်နိုင်ပါတယ်။

-စိုးထက်
Ref: TheVerge