မိသားစုကျန်းမာရေး ဆေးပညာ ဘွဲ့လွန်သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံ (မိသားစု ကျန်းမာရေးဆေးပညာ) ဘွဲ့လွန်သင်တန်းကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစတင်ကာ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး) နဲ့ ဆေးတက္ကသိုလ် ၂ (ရန်ကုန်) တို့မှာ ဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်ထားရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောပါတယ်။

အထက်ပါ အကြောင်းအရာကို ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံ (မိသားစု ကျန်းမာရေးဆေးပညာ) ဘွဲ့လွန်သင်တန်းအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်ကာ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး) နဲ့ ဆေးတက္ကသိုလ် ၂ (ရန်ကုန်) တို့မှာ ဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်ထားရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ တွင် စတင်စီစဥ် ဆောင်ရွက်မယ့် ဘွဲ့လွန်ဆေးပညာ သင်တန်းများနှင့် အတူ လျှောက်လွှာခေါ်ယူခြင်းကို ဆက်လက်ဆောင်ရွက်ရန် စီစဥ်နေပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာမြလေးစိန်မှာ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ ဒေါက်တာ ဇော်လင်းထွဋ် မေးမြန်းသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထုကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်ပေးနိုင်ရန် ပြင်ပ အထွေထွေရောဂါကုဆရာဝန် (General Practitioners) များ တက်ရောက်နေသာ ဒီပလိုမာ သင်တန်းများအား အဆင့်မြှင့်၍ မာစတာဘွဲ့သို့ တိုးမြှင့်ပေးရန် အစီအစဥ် ရှိမရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

-သန္တာ