မိတ္ထီလာစီးပွားရေးတက္ကသိုလ် မှ မဟာဘွဲ့ တန်းများအတွက် လျှောက်လွှာခေါ်ယူ

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) အမှတ်စဉ် (၁၇) သင်တန်း နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) သင်တန်း အမှတ်စဉ် (၁၇) အတွက် ဝင်ခွင့်တွေခေါ်ယူနေပါတယ်။

သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေတက်ရောက်နိုင်ပြီး ရေးဖြေ နဲ့ နှုတ်ဖြေစာမေးပွဲတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ မတ် ၂၅ ရက်မှာ စတင်ရယူနိုင်ပြီး သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ အတွက် လျှောက်လွှာတွေကို မေ ၁၀ ရက် နောက်ဆုံးထားကာ မန္တလေးတက္ကသိုလ်၊ စီးပွားရေးဌာနမှာ ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို မေလ ၁၇ ရက် ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် မှာ ကျင်းပသွားမှာ ဖြစ်ပြီး သင်တန်းချိန်ကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေ ဖြစ်ပါတယ်။

ဝင်ခွင့်ဖြေဆိုနေချိန်ကာလအတွင်း နေထိုင်ရေးစီစဉ်ပေးမှာ ဖြစ်ပြီး အသေးစိတ်ကို ဖုန်း – ၀၆၄-၃၉၂၈၅ ၊ ၀၉၇၈၉၀၁၁၆၆၆၊ ၀၉၄၄၄၀၃၃၈၅၅ နဲ့ ၀၉၄၄၀၈၉၄၅၁၄ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ