မသန်စွမ်းသူများ အားထားစရာ Exoskeleton

ပင်ကိုယ်သဘာဝတရားများကို လေ့လာရင်း လူသားတို့အတွက် အသုံးဝင်စေမယ့် နည်းလမ်းကို ရှာယူကြလေ့ရှိတယ်။ မြက်ပင်လေးတွေရဲ့ ပင်ကိုယ်သဘာဝကို လေ့လာရင်း Angle Iron တွေကို ဖန်တီးအသုံးချကြတယ်။ သစ် ကြားသီးခွံကို ကြည့်ပြီး Dome ပုံစံ အဆောက်အဦတွေ ဆောက်ယူကြတယ်။ တိရစ္ဆာန်တချို့က ကိုယ်ထည်ခွံအမာ (Shell) ဆိုတဲ့ သဘာဝကို မြင်တွေ့သိရှိကြတဲ့အခါ လူသားတွေမှာလည်း ပြင်ပအရိုးစုသဘာဝ ရယူနိုင်ရင် ခန္ဓာ ကိုယ် တောင့်တင်းမှု ရနိုင်တယ်လို့ လေ့လာသိရှိကြတယ်။ ဒါကြောင့် မသန်စွမ်းသူတွေရဲ့ ပျော့ညံ့အားနည်းတဲ့ ခန္ဓာကိုယ်တွေကို ပြင်ပအရိုးစု (Exoskeleton) ဖန်တီးပေးနိုင်ရင်လည်း အားနည်းချို့ တဲ့မှုကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံ ကြည်ခဲ့ကြတယ်။ ဆင့်ကဲဆင့်ကဲ ဖြစ်ထွန်းမှုတွေနဲ့အတူ Robotic Exoskeleton နည်းပညာများ၏ အရှိန်အဝါက လူသားတို့ရဲ့ မသန်စွမ်းမှုကို များစွာအထောက်အကူ ပြုစေကာ ဘဝသစ်လေးများ ဆောက်တည်ခွင့် ရနိုင်လာခဲ့ကြ တယ်။

ဒီနည်းပညာအသုံးချနိုင်မှုကို ၁၉၆၅ ခုနှစ် ဝန်းကျင်လောက်မှာ အမေရိကန်နိုင်ငံ General Electric ကုမ္ပဏီကြီးအနေနဲ့ စတင်ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ၂၁ ရာစုနှစ်ရောက်လာတဲ့ အချိန်မှာတော့ ခေတ်မီလှတဲ့ ပုံစံအမျိုးမျိုးနဲ့ တီထွင်ဖန်တီးမှုတွေ ပိုမိုများပြားလာတယ်။ အထူးသဖြင့် Robotic Exoskeleton များကို ဆိုင်းတွတုံ့ဆိုင်းစွာ လှုပ်ရှားသွားလာရတဲ့ သွတ်ချာပါဒ ရောဂါသည်များ (Paralyzed People) အတွက် ပိုမိုထိရောက်စွာ အသုံးပြုခွင့် ရကြတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၆.၂ မိုင် အကွာအဝေး အပြေးပြိုင်ပွဲ (မာရသွန်) မှာ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးက ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ အမျိုးသမီးကြီးရဲ့ အမည်က Terry Vereline ဖြစ်တယ်။ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ သွက်ချာပါဒ ရောဂါခံစားရသူဖြစ်တာကြောင့် အဆင့်မြင့်နည်းပညာနဲ့ ဖန်တီးထားတဲ့ ReWalk robotic exoskeleton ကိရိယာအကူအညီနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်တယ်။ ၂၆.၂ မိုင် ခရီးတာကို သုံးရက်ကြာ လျှောက်လှမ်းရင်း ပန်းဝင်တဲ့အထိ ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းမှတ်တမ်းများ တင်ထားလိုက်ကြတယ်။ ကမ္ဘပေါ်မှာ ပထမဆုံး paralyzed ရောဂါဝေဒနာသည်က မာရသွန် ပြေးပွဲကို ပန်းဝင်တဲ့အထိ ယှဉ်ပြိုင်သွားတယ်ဆိုတဲ့ သတင်းမှတ်တမ်းဖြစ်တယ်။ Terry Vereline အနေနဲ့ ဒီရောဂါဝေဒနာကို အသက်နှစ်ဆယ်ကျော်ဝန်းကျင်က စပြီးခံစားခဲ့ရတယ်။ စစ်တပ်မှာ တာဝန်ထမ်းဆောင်ရင်း ဓာတုပစ္စည်းများ ပေါက်ကွဲမှုဖြစ်သွား တဲ့အတွက် ထိခိုက်မိကာ ရောဂါဝေဒနာဆိုးကို စတင်ခံစားခဲ့ရတာ ဖြစ်တယ်။ ဒီရောဂါဝေဒနာနဲ့ နှစ်ပေါင်း ၄၀ ကျော် ခံစားခဲ့ရတဲ့တိုင် ReWalk ကို အသုံးပြုကာ ဘဝကို အရှုံးမပေးကြောင်း သက်သေထူ ခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။

Exoskeleton နည်းပညာနဲ့ ပတ်သက်ပြီး ၁၉၆၀ ခုနှစ်များဆီ ကတည်းက တီထွင်ကြံဆမှုများ စတင်လာခဲ့ကြတာကို သမိုင်းမှတ်တမ်းများမှာ တွေ့နိုင်ပါလိမ့်မယ်။ ပထမဆုံး General Electric ကုမ္ပဏီရဲ့ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Ralph Mosher က ပထမဆုံး Hardiman ဆိုတဲ့ ကိရိယာကို တီထွင်ပြသပေးခဲ့တယ်။ ၁၉၈၇ ခုနှစ်မှာ ရုပ်ပိုင်းဆိုင်ရာ ကုထုံးလုပ်ငန်းစဉ်အတွက် အသုံးချ နိုင်စေဖို့ Lifesuit ကို ဖန်တီးပေးခဲ့တယ်။ ၁၉၉၀ ခုနှစ်အတွင်း ဂျပန်နိုင်ငံ ခါနာဂါဝါနည်းပညာ တက္ကသိုလ်က တီထွင်ပေးခဲ့တဲ့ Power Assist Suit ကလည်း လွန်စွာအသုံးဝင်စေခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ DARPA (Defense Advanced Research Project Agency) ကလည်း စစ်သုံး exoskeleton အမျိုးမျိုးကို ထုတ်လုပ်နိုင်ဖို့ ၂၀၀၀ ကစပြီး ဆောင်ရွက်ခဲ့တယ်။ ၂၀၀၂ ခုနှစ် ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cyberdyne ရဲ့ Hal-3 ကလည်း မသန်စွမ်းသူများအတွက် အထောက်အကူပြုပေးနိုင်ခဲ့ပါသေးတယ်။ ၂၁ ရာစုနှစ်အတွင်း မသန် စွမ်းသူများအတွက် အားကူပြုပေး နိုင်တဲ့ ကိရိယာများ၊ စစ်သားများ နဲ့ စက်ရုံလုပ်သားများအတွက် ပို မိုဝန်သယ်ပိုးနိုင်စေမယ့် အားကူ ကိရိယာအမျိုးမျိုး ကျယ်ကျယ် ပြန့်ပြန့် ပိုမိုဆောင်ရွက်လာကြတယ်။

Terry Vereline အသုံးပြုခဲ့တဲ့ ReWalk robotic exoskeleton တစ်ခုရဲ့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၈၅၀၀၀ ခန့် တန်ကြေးရှိတယ်။ ReWalk robotic ကိရိယာများ ထုတ်လုပ်ရေးကုမ္ပဏီက FDA ရဲ့ အတည်ပြုထောက်ခံချက် ကို ရယူခဲ့ပြီး ၂၀၁၁ ခုနှစ်ကတည်း က ထုတ်လုပ်ရောင်းချလာခဲ့တာ ဖြစ်တယ်။ အစ္စရေးနိုင်ငံ ယိုနမ်း မြို့က Admit Goffer ရဲ့ ဒီဇိုင်းလို့ သိရှိရတယ်။ ReWalk robotic ကုမ္ပဏီကို မူလအစက Argo Medical Technologies Ltd. အမည်နဲ့ တည်ထောင်ခဲ့တာ ဖြစ်တယ်။ ReWalk I နဲ့ ReWalk P ဆိုပြီး ပုံစံနှစ်မျိုးနဲ့ လောလောဆယ် ထုတ်လုပ်ရောင်းချလျက်ရှိတယ်။ ReWalk I အနေနဲ့ ဆေးသုတေသ နဌာနတွေမှာ အသုံးပြုဖို့ ရည်ညွှန်းထုတ်လုပ်တာလို့ သိရသလို ReWalk P က လူနာ သို့မဟုတ် ဝေဒနာသည်များ ကိုယ်ပိုင်အသုံး ပြုနိုင်စေဖို့ ထုတ်လုပ်တာလို့ သိရ တယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်ကစ ပြီး ReWalk Rehabilitation 2.0 ဆိုတဲ့ မော်ဒယ်အသစ်ကို အထူး ထုတ်လုပ်ခဲ့ပါသေးတယ်။ ReWalk 2.0 မှာတော့ ကိရိယာ သပ်သပ်အပြင် Software နဲ့ ထိန်းချုပ်ဆောင်ရွက်နိုင်စေတဲ့ အင်္ဂါရပ်ပါရှိလာပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ ReWalk အသုံးပြုခြင်းက အသက်အာမခံ လုပ်ငန်းစဉ်များအတွက် အကျုံးမဝင်ကြောင်း ထုတ်ပြန်ကြေညာ ထားတာကိုလည်း လေ့လာသိရှိရ တယ်။ ReWalk ရဲ့ မူလပထမဆုံး စိတ်ကူးပုံစံကို ၂၀၁၀ ခုနှစ်အ တွင်း အမေရိကန်နိုင်ငံရဲ့ ရုပ်မြင် သံကြား အစီအစဉ်စီးရီးတစ်ခုဖြစ် တဲ့ A Very Glee Christmas ဇာတ်လမ်းပိုင်းမှာ မြင်တွေ့ကြရ တယ်။ မာရသွန်ပြေးပွဲများနဲ့ ပတ်သက်ပြီး အလားတူ paralyzed ရောဂါဝေဒနာသည် ဗြိတိန်နိုင်ငံ သား Claire Lomas ဆိုတဲ့ အမျိုး သမီးကလည်း ပန်းဝင်တဲ့အထိ bionic assistant suit ကို အသုံးပြုရင်း ယှဉ်ပြိုင်ခဲ့တဲ့ မှတ်တမ်းများလည်း ရှိခဲ့ဖူးပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး နွေရာသီ မသန်စွမ်းသူများ အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာလည်း Claire Lomas က ReWalk ကို အသုံးပြုပြီး ပါဝင်ဆင်နွှဲခဲ့တယ်။ မသန်စွမ်းသူများ ၏ အားထားစရာ Exoskeleton များ ဆန်းသစ်စွာ ဆက်လက်အသုံးပြုခွင့် ရစေဖို့ ဆက်လက်ကြိုး စားဖန်တီးဆဲ ဖြစ်ပါကြောင်း။

-ဦးသောင်းဝင်း(ပန်းချယ်ရီ)