မသန်စွမ်းသူတွေရဲ့ ဗီဒီယိုတွေကို TikTok တိတ်တဆိတ်ဖုံးကွယ်ခဲ့

TikTok ဟာ မသန်စွမ်းသူတွေတင်တဲ့ ဗီဒီယိုတွေအပြင် LGBTQ နဲ့ အဝလွန်တဲ့သုံးစွဲသူတွေရဲ့ ဗီဒီယိုတွေကို ဖုံးကွယ်ခဲ့တယ်လို့ ပေါက်ကြားထွက်ပေါ်လာတဲ့ စာရွက်စာတမ်းနဲ့ အတွင်းပိုင်းသတင်းရင်းမြစ်တို့ကို ကိုးကားပြီး ဂျာမန်ဝက်ဘ်ဆိုက် Netzpolitik ကဖော်ပြခဲ့ပါတယ်။

ဗီဒီယိုက အကြောင်းအရာတွေက အရေးမပါဘဲ အနိုင်ကျင့်ခံရနိုင်တဲ့ အထူးသုံးစွဲသူအဖြစ် သတ်မှတ်ထားသူရဲ့ ဗီဒီယိုကို အမှတ်အသားပြုထားပါတယ်။ TikTok က ထိန်းချုပ်တဲ့စည်းမျဉ်းကို အွန်လိုင်းမှာ အနိုင်ကျင့်ခံရမှု ဖြစ်ပွားနိုင်ခြေများတဲ့ ရုပ်ပုံသရုပ်ဖော်မှုလို့ ခေါ်ဆိုပါတယ်။

တချို့ TikTok သုံးစွဲသူတွေကို စိစစ်သူတွေက “ထောက်ခံချက်မပေး” ဆိုတဲ့ ကဏ္ဍထဲမှာ ထည့်သွင်းထားပါတယ်။ အဲဒီသုံးစွဲသူတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ ပျက်ယွင်းနေသူတွေ၊ အော်တစ်ဇင် (autism) နဲ့ Down syndrome သမားတွေ ပါဝင်တယ်လို့ Netzpolitik ရရှိတဲ့စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ ကန့်သတ်ခံလိုက်တဲ့ သုံးစွဲသူတွေရဲ့ ဗီဒီယိုကို တစ်ကမ္ဘာလုံးက TikTok သုံးစွဲသူ မမြင်တော့ဘဲ လူထောင်ပေါင်းများစွာပဲ မြင်တွေ့ရပါတော့တယ်။

အဲဒီပေါ်လစီက ယာယီသာဖြစ်ပြီး ဖယ်ရှားလိုက်တာ အချိန်ကြာမြင့်ပြီ ဖြစ်တယ်လို့ TikTok က ဖြေရှင်းထားပါတယ်။ TikTok အနေနဲ့အဖွဲ့ကို တည်ဆောက်နေချိန်မှာ တချို့သုံးစွဲသူတွေ အွန်လိုင်းမှာ အနိုင်ကျင့်ခံနေရမှုကို တန်ပြန်ကာကွယ်ဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
“ရည်ရွယ်ချက်ကောင်းနဲ့ ပြုလုပ်ပေးမယ့် ချဉ်းကပ်မှုက မှားယွင်းခဲ့ပါတယ်။ ကျွန်တော်တို့က အနိုင်ကျင့်မှုကို တန်ပြန်မယ့်ပေါ်လစီနဲ့ in-app ကာကွယ်မှုအကြား ကွဲပြားဖို့ အစောပိုင်းပေါ်လစီကို အပြောင်းအလဲပြုလုပ်ခဲ့တာ ကြာပါပြီ” လို့ TikTok ပြောရေးဆိုခွင့်ရှိသူက CNET ကိုပြောခဲ့ပါတယ်။

စိုးထက်
Ref: CNET