မသန်စွမ်းများအတွက် အသုံးဝင်စေမယ့် လုပ်ဆောင်ချက်သစ်တွေ Android မှာပါဝင်

ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ဒီဂျစ်တယ်အသုံးပြုနိုင်ရေး အသိပညာပေးရေးနေ့ အတွက် Google က Android အတွက် accessibility လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးလိုက်ပါတယ်။ အခုဆိုရင် Action Blocks လုပ်ဆောင်ချက် ပါဝင်လာပါတယ်။

Action Blocks က အသိပိုင်းဆိုင်ရာ အားနည်းသူတွေအတွက် သီချင်းနားထောင်တာ ဒါမှမဟုတ် ဖုန်းခေါ်တာလိုမျိုး ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်အတွက် ခလုတ်ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုကို စာနဲ့မှတ်တမ်းတင်၊ Sound Amplify မှာ Bluetooth ပါဝင်လာပြီး Voice Access မှာ navigation စနစ် ပါဝင်လာပါတယ်။အခု feature သစ်တွေက မသန်စွမ်းတွေအတွက် အလွန်အရေးပါပါတယ်။ Action Blocks က Google Assistant တွေသုံးပြီး နေအိမ်တွင်းက မီးတွေကို အသံနဲ့ ပိတ်နိုင်ပါတယ်။

သုံးစွဲသူက Action Blocks app ကို install လုပ်ပြီးတာနဲ့ action တွေကို သတ်မှတ်နိုင်ပါတယ်။ Google Assistant ကတစ်ဆင့် အသုံးပြုနိုင်ပါမယ်။ စမ်းသပ်ပြီးတာနဲ့ home screen မှာ ခလုတ်အဖြစ် သိမ်းဆည်းထားနိုင်ပါတယ်။

စိုးထက်
Ref: TheVerge