မသန်စွမ်းသူများအတွက် Graphic Design သင်တန်း ဖွင့်လှစ်မည်

[ Zawgyi ]




-သန္တာ

[ Unicode ]

မသန်စွမ်းသူတွေအတွက် အဓိက ဦးစားပေးတဲ့ Computer Graphic Design သင်တန်းကို ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံ အခြေစိုက် The Nippon Foundation တို့ပူးပေါင်းကာ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ သင်ကြားလေ့ကျင့်ရေးစင်တာ (ICT Training Centre) မှာ ဖွင့်လှစ်မှာပါ။ တက်ရောက်လိုသူတွေဟာ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ အနိမ့်ဆုံး အခြေခံပညာ အလယ်တန်း အောင်မြင်ပြီးသူတွေ၊ ကွန်ပျူတာအခြေခံ တတ်မြောက်ပြီးသူတွေ၊ အရောင်ခွဲခြားနိုင်သူတွေ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

လျှောက်လွှာတွေကို သြဂုတ်လ ၅ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်ကို အမှတ် ၆၄၊ ကမ္ဘာအေးဘုရားလမ်း နှင့် ပါရမီလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း – ၀၉၉၅၅၃၂၉၂၉၅ အီးမေးလ် [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။