မသန္စြမ္းမ်ားအတြက္ Xbox Adaptive Controller ကို Microsoft မိတ္ဆက္

[ Zawgyi ]

Microsoft ဟာ မသန္စြမ္း ဒါမွမဟုတ္ ပုံမွန္လူေတြလိုလႈပ္ရွားဖုိ႔ အခက္အခဲရွိသူေတြအတြက္ Xbox Adaptive Controller သစ္တစ္ခုကို ျဖန္႔ခ်ိလိုက္ပါတယ္။

Xbox Adaptive Controller မွာ ႀကီးမားတဲ့ခလုတ္ႏွစ္ခု ပါဝင္ၿပီး သာမန္ Xbox ခလုတ္ေတြလို အသုံးျပဳႏိုင္ေအာင္ Xbox Accessories app ကတစ္ဆင့္ ပ႐ိုဂရမ္ျပန္လည္ေရးဆြဲႏိုင္ပါတယ္။

အခုထုတ္ကုန္မွာ ဂိမ္းကစားတာကို ပိုမိုလြယ္ကူစြာျပဳလုပ္ႏိုင္ဖို႔အတြက္ ေက်ာဘက္နဲ႔ ေဘးဘက္မွာ port နဲ႔ jack ၁၉ ခုပါဝင္သလုိ USB အေပါက္တစ္ခု နဲ႔ 3.5mm နားၾကပ္ေပါက္ေတြကို အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ joystick နဲ႔ ခလုတ္အမ်ိဳးမ်ိဳးအျပင္ သီးျခား Xbox ဂိမ္းခလုတ္နဲ႔ ဆက္သြယ္ထားတဲ့ switch ေတြကိုလည္း ခ်ိတ္ဆက္ႏို္င္ပါတယ္။ ဒါ့အျပင္ PDP ရဲ႕ One-Handed Joystick, Logitech ရဲ႕ Extreme 3D Pro Joystick နဲ႔ Quadstick ရဲ႕ Game Controller စတာေတြ အပါအဝင္ third-party ထုတ္ကုန္ေတြကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

အခုဂိမ္းခလုတ္ကုိ AbleGamers Charity, The Cerebral Palsy Foundation, Craig Hospital, SpecialEffect နဲ႔ Warfighter Engaged အပါအဝင္ အက်ိဳးအျမတ္မယူတဲ့ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္း ဖန္တီးခဲ့တယ္လို႔ Xbox အႀကီးအကဲ ဖီးလ္စပင္ဆာက ေျပာပါတယ္။ Microsfot အေနနဲ႔ သုံးစြဲသူအေတြ႕အႀကဳံကုိ ျပန္လည္မြမ္းမံဖို႔ သြားလာလႈပ္ရွားဖုိ႔ အကန္႔အသတ္ရွိတဲ့ ဂိမ္မာေတြနဲ႔ လက္တြဲလုပ္ကုိင္ခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ရဲ႕ရည္ရြယ္ခ်က္က ထုတ္ကုန္ကုိ တတ္ႏိုင္သမွ် လိုက္ေလ်ာညီေထြရွိေအာင္ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဂိမ္မာေတြက ေဈးႏႈန္းသင့္တင့္ၿပီး အလြယ္တကူ တပ္ဆင္အသံုးျပဳႏိုင္မယ့္ setup တစ္ခုကို ဖန္တီးႏိုင္မွာ ျဖစ္ပါတယ္” လို႔ စပင္ဆာကေျပာၾကားခဲ့ပါတယ္။

Xbox Adaptive Controller ကို Xbox One X, Xbox One S နဲ႔အျခား Xbox ဂိမ္းခလုတ္ေတြအတြက္ ဒုတိယေျမာက္ သာမန္ဂိမ္းခလုတ္အျဖစ္ ခ်ိတ္ဆက္ႏိုင္မယ့္ “co-pilot” mode ပါဝင္လာပါတယ္။ အဲဒီဂိမ္းခလုတ္ကုိ ထုတ္ကုန္ရဲ႕ ေနာက္ဘက္နဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္ပါတယ္။

Xbox Adaptive Controller ကို ၉၉.၉၉ ေဒၚလာနဲ႔ ေရာင္းခ်မွာျဖစ္ၿပီး ဒီႏွစ္ေႏွာင္းပုိင္းမွာ Microsoft Store ကေန ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ Microsoft ဟာ အေသးစိတ္အခ်က္အလက္ကို ဇြန္လအတြင္း E3 ပြဲမွာ ေၾကညာသြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: PCMag

========

[ Unicode ]

မသန်စွမ်းများအတွက် Xbox Adaptive Controller ကို Microsoft မိတ်ဆက်

========

Microsoft ဟာ မသန်စွမ်း ဒါမှမဟုတ် ပုံမှန်လူတွေလိုလှုပ်ရှားဖို့ အခက်အခဲရှိသူတွေအတွက် Xbox Adaptive Controller သစ်တစ်ခုကို ဖြန့်ချိလိုက်ပါတယ်။

Xbox Adaptive Controller မှာ ကြီးမားတဲ့ခလုတ်နှစ်ခု ပါဝင်ပြီး သာမန် Xbox ခလုတ်တွေလို အသုံးပြုနိုင်အောင် Xbox Accessories app ကတစ်ဆင့် ပရိုဂရမ်ပြန်လည်ရေးဆွဲနိုင်ပါတယ်။

အခုထုတ်ကုန်မှာ ဂိမ်းကစားတာကို ပိုမိုလွယ်ကူစွာပြုလုပ်နိုင်ဖို့အတွက် ကျောဘက်နဲ့ ဘေးဘက်မှာ port နဲ့ jack ၁၉ ခုပါဝင်သလို USB အပေါက်တစ်ခု နဲ့ 3.5mm နားကြပ်ပေါက်တွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် joystick နဲ့ ခလုတ်အမျိုးမျိုးအပြင် သီးခြား Xbox ဂိမ်းခလုတ်နဲ့ ဆက်သွယ်ထားတဲ့ switch တွေကိုလည်း ချိတ်ဆက်နို်င်ပါတယ်။ ဒါ့အပြင် PDP ရဲ့ One-Handed Joystick, Logitech ရဲ့ Extreme 3D Pro Joystick နဲ့ Quadstick ရဲ့ Game Controller စတာတွေ အပါအဝင် third-party ထုတ်ကုန်တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

အခုဂိမ်းခလုတ်ကို AbleGamers Charity, The Cerebral Palsy Foundation, Craig Hospital, SpecialEffect နဲ့ Warfighter Engaged အပါအဝင် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဖန်တီးခဲ့တယ်လို့ Xbox အကြီးအကဲ ဖီးလ်စပင်ဆာက ပြောပါတယ်။ Microsfot အနေနဲ့ သုံးစွဲသူအတွေ့အကြုံကို ပြန်လည်မွမ်းမံဖို့ သွားလာလှုပ်ရှားဖို့ အကန့်အသတ်ရှိတဲ့ ဂိမ်မာတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ထုတ်ကုန်ကို တတ်နိုင်သမျှ လိုက်လျောညီထွေရှိအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်မာတွေက ဈေးနှုန်းသင့်တင့်ပြီး အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မယ့် setup တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်” လို့ စပင်ဆာကပြောကြားခဲ့ပါတယ်။

Xbox Adaptive Controller ကို Xbox One X, Xbox One S နဲ့အခြား Xbox ဂိမ်းခလုတ်တွေအတွက် ဒုတိယမြောက် သာမန်ဂိမ်းခလုတ်အဖြစ် ချိတ်ဆက်နိုင်မယ့် “co-pilot” mode ပါဝင်လာပါတယ်။ အဲဒီဂိမ်းခလုတ်ကို ထုတ်ကုန်ရဲ့ နောက်ဘက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Xbox Adaptive Controller ကို ၉၉.၉၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ Microsoft Store ကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Microsoft ဟာ အသေးစိတ်အချက်အလက်ကို ဇွန်လအတွင်း E3 ပွဲမှာ ကြေညာသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: PCMag