မလိုအပ်တဲ့ ဆူညံသံလျှော့ချပေးမယ့် AirPods Pro ကို Apple မိတ်ဆက်

Apple ဟာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတဲ့ ဆူညံသံလျှော့ချပေးမယ့် AirPods Pro ကို သတင်းထုတ်ပြန်ချက်နဲ့ မိတ်ဆက်လိုက်ပါတယ်။ တန်ဖိုးကြီး earbud ဖြစ်တဲ့ AirPods Pro ကို အောက်တိုဘာ ၃၀ ရက်မှာ ၂၄၉ ဒေါ်လာနဲ့ရောင်းချမယ်လို့ သိရပါတယ်။ AirPods Pro ကို အဖြူရောင်ပဲ ထုတ်လုပ်ထားပြီး ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။

AirPods Pro မှာ ပြင်ပအသံတွေ သိနိုင်ဖို့ မိုက်ကရိုဖုန်းတွေ ထည့်သွင်းထားပြီး earbud က အသံ ဖယ်ရှားပေးပါတယ်။ AirPods Pro မှာ Beats Solo Pro နားကြပ်မှာ အသုံးပြုထားတဲ့ ဆူညံသံလျှော့ချမှု စနစ်ကို အသုံးပြုထားပါတယ်။ ဆူညံသံလျှော့ချမှုကို တစ်စက္ကန့် အဆ ၂၀၀ အထိ ပြုလုပ်ပေးနိုင်တယ်လို့ Apple က ပြောခဲ့ပါတယ်။

AirPods Pro ကိုတပ်ထားစဉ်မှာ ပြင်ပအသံတွေ ကြားနိုင်ဖို့ transparency mode ပါဝင်လာပါတယ်။ AirPods Pro အတွက် သီချင်းနဲ့ transparency mode ကိုထိန်းချုပ်ဖို့ “force sensor” လည်းပါဝင်လာပါတယ်။

AirPods Pro က အလွန်ကောင်းမွန်တဲ့ အသံအရည်အသွေး ပေးစွမ်းနိုင်တယ်လို့ Apple က အာမခံပြောကြားခဲ့ပါတယ်။ AirPods Pro မှာသုံးစွဲသူနားရွက်ပုံစံအလိုက် သီချင်းတွေ အလိုအလျောက် ဖွင့်ပေးမယ့် “Adaptive EQ” အမည်ရ feature ပါဝင်လာပါတယ်။

လက်ရှိ AirPods နဲ့ AirPods Pro ကွာခြားချက်က ear tip အမျိုးမျိုး ပါဝင်လာပြီး ဆီလီကွန် tip တွေ ပါဝင်လာပါတယ်။ သုံးစွဲသူက နားအတွင်းက အသံပမာဏနဲ့ စပီကာ driver ကထွက်လာမယ့် အသံကို နှိုင်းယှဉ်တိုင်းတာမှု မှန်ကန်မှု ရှိ၊ မရှိ စမ်းသပ်နိုင်မယ့် software အသံပိုင်းစမ်းသပ်မှုလည်း ပါဝင်လာပါတယ်။

ဒုတိယမျိုးဆက် AirPods လိုပဲ AirPods Pro မှာကြိုးမဲ့အားသွင်းစနစ်နဲ့ Hey Siri အသံထိန်းချုပ်မှု ထောက်ပံ့ထားပါတယ်။ AirPods Pro ကို ၄နာရီခွဲ အထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြား AirPods တွေလိုပဲ နားကြပ်ကို ၂၄ နာရီလုံးလုံး အသုံးပြုနိုင်အောင် case နဲ့အားသွင်းလို့ရပါတယ်။

AirPods Pro ဟာ ချွေးနဲ့ ရေစိုဒဏ်ခံနိုင်တဲ့အတွက် အားကစားလုပ်သူတွေ နှစ်သက်ကြမှာပါ။ ပတ်ဝန်းကျင်မှာ လေပြင်းထန်စွာ တိုက်ခတ်နေချိန်မှာ ဖုန်းခေါ်ဆိုမှုကို ကြည်လင်ပြတ်သားအောင် ပြုလုပ်ပေးမယ့် mesh မိုက်ကရိုဖုန်းလည်း ပါဝင်လာပါတယ်။ AirPods Pro ကို Lightning connector ကတစ်ဆင့် အားသွင်းရပါတယ်။ Apple က Lightnng to USB-C ကြိုးကိုလည်း ထည့်သွင်းပေးထားပါတယ်။

စိုးထက်
Ref: TheVerge