မန်ယူ ဆိုက်ဘာတိုက်ခိုက်ခံရမှုမှာ ပြန်ပေးငွေ တောင်းခံရသလား

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုက်ဘာတိုက်ခိုက်မှု ကြုံခဲ့ပြီး စနစ်တွေအားလုံး ရပ်ဆိုင်းသွားပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မန်ယူ ပြန်ပေးငွေတောင်းခံရတယ်လို့ သတင်းထွက်လာပါတယ်။

Daily Mail ဖော်ပြချက်အရ ဟက်ကာတွေက မန်ယူရဲ့ ကွန်ပျူတာစနစ်ကို ပြန်ဖွင့်ပေးဖို့ ပေါင်သန်းပေါင်းများစွာ တောင်းခဲ့ပါတယ်။ မန်ယူကတော့ တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းရင်းကို ရှာမတွေ့ဘူးလို့ ပြောထားပါတယ်။ တိုက်ခိုက်သူတွေက ကွန်ပျူတာစနစ်ကို ဆက်လက် ထိန်းချုပ်ထားတယ် ဆိုတဲ့ သုံးသပ်ချက်ကိုတော့ ပယ်ချလိုက်ပါတယ်။

Daily Mail ဖော်ပြချက်အရ မန်ယူဟာ ransomware ကွန်ပျူတာဗိုင်းရပ်စ်နဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ အခုဆိုရင် ကလပ်ရဲ့ အရေးကြီး အချက်အလက်နဲ့ ကစားသမားတွေအကြောင်း မပေါက်ကြားဖို့ ငွေကြေးနဲ့ ပြန်လည်ရွေးယူရပါမယ်။

အမျိုးသားဆိုက်ဘာလုံခြုံရေးဌာန ထုတ်ပြန်ချက်အရ မနှစ်က EFL ကလပ်အသင်းတစ်ခုဟာ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပြီး ပေါင် ၅ သန်း ပြန်ပေးငွေ တောင်းခံခဲ့ရပေမယ့် ပေါင် ၄ သန်းနဲ့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ တကယ်လို့ မန်ယူအသင်းဟာ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ပရိသတ်အချက်အလက် ပေါက်ကြားခဲ့ရင် လွတ်လပ်တဲ့ အစိုးရစစ်ဆေးရေး သတင်းအချက်အလက်စုံစမ်းရေးရုံးက ကမ္ဘာလုံးဆိုင်ရာ ကလပ်ဝင်ငွေ ၂ ရာခိုင်နှုန်း ဒါမှမဟုတ် ပေါင် ၉ သန်းကနေ ပေါင် ၁၈ သန်းအထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

-စိုးထက်
Ref: DailMail