မန္းေစ်းကြက္အတြင္း Keypad Handset မ်ား ေရာင္းအားသြက္ေၾကာင္းသိရ

[ Zawgyi ]

မႏၱေလးၿမိဳ႕မွာရွိတဲ့ မိုဘိုင္းဟန္းဆက္ ေစ်းကြက္အတြင္း Keypad Handset ေတြ ေရာင္းအားသြက္ ေနတယ္လို႔ သိရပါတယ္။

စတုထၳေျမာက္ ဆက္သြယ္ေရးေအာ္ပေရတာ Mytel က မိုဘိုင္းဆင္းကတ္ေတြ စတင္ေရာင္းခ်ကတည္းက ေရာင္းအားသြက္လာတာ ျဖစ္တယ္လို႔ သိရပါတယ္။ “ Mytel ကတ္ေတြ စထြက္ ကတည္းက Keypad ေတြက ေရာင္းအားတျဖည္းျဖည္း တက္လာတယ္ေျပာရမယ္၊ ေန႔တိုင္းနီးပါးေရာင္းလာရတယ္၊ တခ်ိဳ႕ ဟန္းဆက္ႏွစ္လံုးရွိၿပီးသား သူေတြေတာင္ Keypad ေတြ ဝယ္ကိုင္တာ သတိထားမိတယ္” လို႔ Angel Mobile က တာဝန္ရွိသူ တစ္ဦးကေျပာပါတယ္။ Handset ေတြထဲမွာ ၂ ေသာင္းက်ပ္ေအာက္ ဟန္းဆက္ေတြက အရင္ကထက္စာရင္ ေရာင္းအားေကာင္းလာတယ္လို႔လည္း Mandalar Mobile က အေရာင္းတာဝန္ခံက ေျပာၾကားပါတယ္။

“ အရင္တုန္းကေရာင္းအားနည္းလို႕ သိမ္းထားတဲ႔ Keypad ေတြ အခုျပန္ေရာင္းေနရပါၿပီ၊ တစ္ရက္ကို ပ်မ္းမ်ွ သံုးလံုးေလာက္ေတာ့ ေရာင္းရပါတယ္၊ အထူးသျဖင့္ Mytel ဆင္းမ္ကတ္နဲ႔ တြဲဝယ္ၾကတာမ်ားတယ္၊ ႏွစ္ေသာင္းဝန္းက်င္တန္ေတြ ပိုေရာင္းရပါတယ္” လို႔ေျပာပါတယ္။ MyTel ဆင္းမ္ကတ္ က 2G နဲ႔ 4G ကြန္ရက္ကိုသာ အသံုးျပဳႏိုင္တဲ့ အခ်က္ကလည္း Keypad Handset ေရာင္းအားတက္တဲ့ အေၾကာင္းတစ္ခု ျဖစ္ေၾကာင္းသိရပါတယ္။ “နယ္မွာက လိုင္းသိပ္မေကာင္းေတာ့ Keypad နဲ႔မွ ပိုအဆင္ ေျပပါတယ္၊ လူႀကီးဆိုေတာ့ Touch သိပ္မသံုးတတ္မွာစိုးလို႔ အသံုးျပဳရတာလြယ္ကူတဲ့ ခလုတ္ဖုန္းေလးပဲ ဝယ္ထည့္ေပးတာပါ” လို႔ ေက်ာင္းသူတစ္ဦးျဖစ္တဲ႔ မႏြယ္ႏြယ္ကလည္း နယ္အတြက္ Keypad ဟန္းဆက္ ဝယ္ရျခင္းအေၾကာင္းကို ေျပာပါတယ္။

ေစ်းကြက္အတြင္းမွာ Keypad ဟန္းဆက္ေတြက ေရာင္းအားအေကာင္းဆံုး မဟုတ္ေသာ္လည္း ဇူလိုင္လခန္႔ကစတင္ၿပီး ေရာင္းအားသြက္ေနသလို နယ္ၿမိဳ႕မ်ားမွလည္း မွာယူမႈမ်ားလာတယ္လို႔ KK မိုဘိုင္းဆိုင္က ေျပာၾကားပါတယ္။ တန္ဖိုးသက္သာတဲ႔ ဟန္းဆက္ေတြကိုသာ ေရာင္းခ်တဲ႔ မိုဘိုင္းဟန္းဆက္ ဆိုင္ေလးေတြကလည္း Keypad ဟန္းဆက္ေတြ အရင္ကထက္ပို ေရာင္းလာရတယ္လို႔ သိရွိရပါတယ္။

-ေကာင္းျမတ္ထြန္း

[ Unicode ]

မန္တလေးမြို့မှာရှိတဲ့ မိုဘိုင်းဟန်းဆက် စျေးကွက်အတွင်း Keypad Handset တွေ ရောင်းအားသွက် နေတယ်လို့ သိရပါတယ်။

စတုထ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ Mytel က မိုဘိုင်းဆင်းကတ်တွေ စတင်ရောင်းချကတည်းက ရောင်းအားသွက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ “ Mytel ကတ်တွေ စထွက် ကတည်းက Keypad တွေက ရောင်းအားတဖြည်းဖြည်း တက်လာတယ်ပြောရမယ်၊ နေ့တိုင်းနီးပါးရောင်းလာရတယ်၊ တချို့ ဟန်းဆက်နှစ်လုံးရှိပြီးသား သူတွေတောင် Keypad တွေ ဝယ်ကိုင်တာ သတိထားမိတယ်” လို့ Angel Mobile က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ Handset တွေထဲမှာ ၂ သောင်းကျပ်အောက် ဟန်းဆက်တွေက အရင်ကထက်စာရင် ရောင်းအားကောင်းလာတယ်လို့လည်း Mandalar Mobile က အရောင်းတာဝန်ခံက ပြောကြားပါတယ်။

“ အရင်တုန်းကရောင်းအားနည်းလို့ သိမ်းထားတဲ့ Keypad တွေ အခုပြန်ရောင်းနေရပါပြီ၊ တစ်ရက်ကို ပျမ်းမျှ သုံးလုံးလောက်တော့ ရောင်းရပါတယ်၊ အထူးသဖြင့် Mytel ဆင်းမ်ကတ်နဲ့ တွဲဝယ်ကြတာများတယ်၊ နှစ်သောင်းဝန်းကျင်တန်တွေ ပိုရောင်းရပါတယ်” လို့ပြောပါတယ်။ MyTel ဆင်းမ်ကတ် က 2G နဲ့ 4G ကွန်ရက်ကိုသာ အသုံးပြုနိုင်တဲ့ အချက်ကလည်း Keypad Handset ရောင်းအားတက်တဲ့ အကြောင်းတစ်ခု ဖြစ်ကြောင်းသိရပါတယ်။ “နယ်မှာက လိုင်းသိပ်မကောင်းတော့ Keypad နဲ့မှ ပိုအဆင် ပြေပါတယ်၊ လူကြီးဆိုတော့ Touch သိပ်မသုံးတတ်မှာစိုးလို့ အသုံးပြုရတာလွယ်ကူတဲ့ ခလုတ်ဖုန်းလေးပဲ ဝယ်ထည့်ပေးတာပါ” လို့ ကျောင်းသူတစ်ဦးဖြစ်တဲ့ မနွယ်နွယ်ကလည်း နယ်အတွက် Keypad ဟန်းဆက် ဝယ်ရခြင်းအကြောင်းကို ပြောပါတယ်။

စျေးကွက်အတွင်းမှာ Keypad ဟန်းဆက်တွေက ရောင်းအားအကောင်းဆုံး မဟုတ်သော်လည်း ဇူလိုင်လခန့်ကစတင်ပြီး ရောင်းအားသွက်နေသလို နယ်မြို့များမှလည်း မှာယူမှုများလာတယ်လို့ KK မိုဘိုင်းဆိုင်က ပြောကြားပါတယ်။ တန်ဖိုးသက်သာတဲ့ ဟန်းဆက်တွေကိုသာ ရောင်းချတဲ့ မိုဘိုင်းဟန်းဆက် ဆိုင်လေးတွေကလည်း Keypad ဟန်းဆက်တွေ အရင်ကထက်ပို ရောင်းလာရတယ်လို့ သိရှိရပါတယ်။

-ကောင်းမြတ်ထွန်း