မန္တလေးတက္ကသိုလ် လူမှုသုတေသန ဒီပလိုမာသင်တန်း ၁/၂၀၁၉ သင်တန်းလျှောက်လွှာခေါ်ယူ

မန္တလေးတက္ကသိုလ် မနုဿဗေဒဌာန မှ လူမှုသုတေသနဒီပလိုမာသင်တန်း (Diploma in Social Research – DSR) ၁/၂၀၁၉ အတွက် သင်တန်းလျှောက်လွှာခေါ်ယူနေပါတယ်။

သင်တန်းကို ဒီဇင်ဘာ ၃ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး လျှောက်ထားလိုသူတွေဟာ တက္ကသိုလ်/ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ ဖြစ်ရပါမယ်။ သင်တန်းကာလမှာ ၁၈ လဖြစ်ပြီး တနင်္လာမှ သောကြာနေ့အထိ၊ ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲအထိ တက်ရောက်ရမှာဖြစ်ပါတယ်။

သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ မှ ၂၀၂၀ မေ အထိ ပထမနှစ်ဝက်၊ ၂၀၂၀ ဇွန် မှ ၂၀၂၀ ဒီဇင်ဘာ အထိ ဒုတိယနှစ်ဝက်၊ ၂၀၂၀ ဒီဇင်ဘာ မှ ၂၀၂၁ မေ အထိ တတိယနှစ်ဝက် အဖြစ် တက်ရောက်ရမှာပါ။ လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၂၆ ရက်အထိ မနုဿဗေဒဌာန၊ မန္တလေးတက္ကသိုလ်မှာ ရယူလျှောက်ထားနိုင်ပါတယ်။ ဝင်ခွင့်နှုတ်ဖြေကို နိုဝင်ဘာ ၂၇ ရက်၊ နံနက် ၁၀ နာရီမှာ မနုဿဗေဒဌာန၊ မန္တလေးတက္ကသိုလ်မှာ ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ ဖုန်း – ၀၂-၂၈၃၂၁၂၉ ၊ ၀၉၄၃၁၆၁၈၈၁၊ ၀၉၄၂၀၀၇၈၁၂၀ နဲ့ ၀၉၅၀၅၉၅၇၂ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ