မန္တလေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ အမှတ်စဉ် (၆) သင်တန်း ဖွင့်မည်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) သင်တန်း အမှတ်စဉ် (၆) အတွက် ဝင်ခွင့်ခေါ်ယူနေပါတယ်။

သင်တန်းကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး မန္တလေးတက္ကသိုလ်မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး ရေးဖြေနဲ့ နှုတ်ဖြေစာမေးပွဲတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို မန္တလေးတက္ကသိုလ်၊ စီးပွားရေးဌာနမှာ မတ် ၂၅ ရက် မှ စတင်ရယူနိုင်ပြီး သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ အတွက် လျှောက်လွှာတွေကို မေ ၁၀ ရက် နောက်ဆုံးထားကာ မန္တလေးတက္ကသိုလ်၊ စီးပွားရေးဌာနမှာ ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို မေလ ၁၇ ရက်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေ ဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉၇၈၉၀၁၁၆၆၆၊ ၀၉၄၂၂၂၃၄၈၈၄၊ ၀၉၄၄၄၀၃၃၈၅၅ နဲ့ ၀၉၄၄၀၈၉၄၅၁၄ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ