မနက်ဖြန်မှာ Vivo က ဘယ်လိုရင်ခုန်စရာကောင်းတဲ့ Launching Event ကို ကျင်းပမှာလဲ

ဒီရက်ပိုင်းအတွင်းမှာ Vivo ရဲ့ V7+ က လူပြောသူပြော များနေပါတယ်။ အထူးသဖြင့် FullViewTM Display ကို စိတ်ဝင်စားနေကြတာပါ။ V5 နဲ့ အရွယ်အစားချင်း တူပေမယ့် မျက်နှာပြင်က ပိုပြီးကျယ်ပြန့်လာတဲ့အတွက် စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်မှာ V5 ရဲ့ 20MP Softlight ကို အကြိုက်တွေခဲ့ကြသူတွေအနေနဲ့ V7+ ရဲ့ ကင်မရာက ဘယ်လောက်ထိ ပိုကောင်းလာမှာလဲဆိုတဲ့ မေးခွန်းအတွက်အဖြေက Launching Event မှာမှ သိရမှာဖြစ်ပါတယ်။

နောက်တစ်ချက်က Function တွေ ဘယ်လိုတိုးတက်လာမှာလဲ။ Finger print ကို ကျောဘက်ပို့ပြီး မျက်နှာပြင်ချဲ့ထားတဲ့ V7+ရဲ့ Navigation bar မှာရော ဘယ်လိုဆန်းသစ်မှုတွေ ဖြစ်လာမှာလဲ၊ Hi-Fi audio စွမ်းရည်ကရော ဘယ်လိုတိုးတက်ပြောင်းလဲလာမှာလဲ၊ အစရှိတဲ့မေးခွန်းတွေအားလုံးရဲ့ အဖြေကို မနက်ဖြန်မှာ သိရပါလိမ့်မယ်။

Vivo က မနက်ဖြန် ၂၅ – ၉ – ၂၀၁၇ နေ့မှာ Novotel Hotel Yangon Ballroom မှာ ကျင်းပပြုလုပ်မယ့် Launching Event ကို အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ ပွဲတွေထက် ပိုပြီးကြီးကျယ် ခမ်းနားအောင် စီစဉ်ထားတယ် ဆိုတာကတော့ မီဒီယာတွေအတွက် စိတ်ဝင်စားစရာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပွဲကိုမတက်ရောက်ခင်မှာပဲ Vivo က ပြင်ဆင်ထားတဲ့ အခင်းအကျင်းအချို့ကို မြင်တွေ့ခဲ့ရလို့ပါပဲ။

ဒီတော့ မနက်ဖြန်မှာ V7+ နဲ့ ပတ်သက်ပြီး အားလုံးသိချင်နေကြတဲ့ အကြောင်းအရာတွေကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ကြပါလို့ ပန်ကြားလိုက်ရပါတယ်။