မထင်မှတ်ဘဲ Bitcoin ကနေ ဒေါ်လာ ၈ သန်း ရရှိခဲ့တဲ့ 50 Cent

၂၀၁၄ ခုနှစ်က အမေရိကန်ရက်ပ်ပါ 50 Cent ဟာ သူ့ရဲ့ Animal Ambition အယ်လ်ဘမ်ကို bitcoin နဲ့ ရောင်းချခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ account ကို နှစ်အတန်ကြာမသုံးဘဲ ပစ်ထားခဲ့ရာကနေ အခုဆိုရင် သူက bitcoin သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နေပြီလို့ TMZ က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက bitcoin တစ်ခုရဲ့တန်ဖိုးဟာ ၆၆၂ ဒေါ်လာသာရှိခဲ့ပြီး 50 Cent က ပရိသတ်တွေရဲ့ bitcoin နဲ့ အယ်လ်ဘမ် ဝယ်ယူမှုကနေ ဒေါ်လာ ၄၀၀,၀၀၀ ကျော် ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် bitcoin ရဲ့တန်ဖိုး အလွန်အမင်း မြင့်တက်လာခဲ့ပြီး ဒီလအစောပိုင်းမှာ ဒေါ်လာ ၁၇,၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲ့ဒီ cryptocurrency ရဲ့တန်ဖိုးက ဒေါ်လာ ၁၁,၀၀၀ စွန်းစွန်း ရှိပါတယ်။ ဒါကြောင့် 50 Cent ရဲ့ bitcoin တန်ဖိုးက ဒေါ်လာ ၇ သန်းကနေ ၈.၅ သန်းအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းကို 50 Cent က Instagram နဲ့ Twitter ကနေ အတည်ပြုခဲ့ပါတယ်။

-နောင်နောင်
Ref: TheVerge