
Periscope ဟာ ၂၀၂၁ ခုနှစ် မတ်လမှာ သီးသန့် app အဖြစ် ရပ်တည်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ Twitter ပိုင်ဆိုင်တဲ့ Periscope ဟာ ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။ ဒီဘက်နှစ်တွေမှာ Periscope အသုံးပြုမှုက တော်တော်ကျဆင်းသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။
Twitter ဟာ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နိုင်တဲ့ Periscope ကို ၂၀၁၅ ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။ Twitter က လအနည်းငယ်အတွင်း ကိုယ်ပိုင်ဗီဒီယို ဝန်ဆောင်မှုကို တည်ဆောက်ခဲ့ပြီး သီးသန့် app အဖြစ် Periscope လုပ်ဆောင်ချက်တွေကို ထည့်သွင်းခဲ့ပါတယ်။ Twitter က Meerkat အလွန်တိုးတက်နေချိန်မှာ ယှဉ်ပြိုင်ဖို့ Periscope ကိုဝယ်ယူခဲ့ပါတယ်။ Periscope တိုက်ရိုက်ထုတ်လွှင့်ရေး ဝန်ဆောင်မှုက နှစ်အနည်းငယ်အတွင်း တိုးတက်လာပါတယ်။
Twitter အဓိက app ထဲမှာ Periscope လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုတွေ တိုးတက်လာပေမယ့် နှစ်အနည်းငယ်အတွင်း Periscope သီးသန့် app ကိုအသုံးပြုသူတွေ တဖြည်းဖြည်း လျော့ကျလာပါတယ်။
-စိုးထက်
Ref: TechCrunch
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««