မကြဲႏိုင္တဲ့ display သစ္တစ္မ်ိဳး ဖန္တီးေနေၾကာင္း Samsung ထုတ္ျပန္

Samsung Display ဟာ မကြဲႏိုင္တဲ့ display သစ္တစ္မ်ိဳးကို ဖန္တီးေနတယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဆိုပါ မကြဲႏိုင္တဲ့ display ဟာ Underwriters Laboratries (UL) ကေန အတည္ျပဳထားတဲ့ အသိအမွတ္ျပဳလက္မွတ္ ရရွိခဲ့ပါတယ္။ အဲဒီ panel ကုိ Samsung ရဲ႕ေခတ္သစ္ဖုန္းေတြလိုပဲ ေကြးႏိုင္ ဆန္႔ႏိုင္တဲ့ OLED နဲ႔ ျပဳလုပ္ထားပါတယ္။

ဖုန္းကုမၸဏီေတာ္ေတာ္မ်ားမ်ားက မ်က္ႏွာျပင္ကုိ မကြဲေအာင္ synthetic sapphire ကုိ ႏွစ္ေပါင္းမ်ားစြာ အသုံးျပဳခဲ့ပါတယ္။ Synthetic sapphire ဟာ ကြဲေၾကဖို႔ ခက္ခဲေပမယ့္ OLED panel နဲ႔ ေပါင္းစပ္တဲ့အခါမွာ အၾကမ္းခံပါတယ္။ ဒါေပမဲ့ ၾကြပ္ဆတ္သြားတဲ့အတြက္ ကြဲေၾကႏိုင္ပါေသးတယ္။ ဒါေပမဲ့ Samsung ကျပဳလုပ္တဲ့ မကြဲႏိုင္တဲ့ panel မွာ ဖန္ထည္အစား ခိုင္မာတဲ့ ပလတ္စတစ္နဲ႔ျပဳလုပ္ထားၿပီး ထိခိုက္မႈရွိတဲ့အခါမွာ ကြဲေၾကတာမ်ိဳး မျဖစ္ႏိုင္ပါဘူး။

မကြဲႏိုင္တဲ့ display မွာအသုံးျပဳထားတဲ့ ပလတ္စတစ္ဟာ ဖန္ထည္မွာ ပါဝင္တဲ့ ေပါ့ပါးမႈနဲ႔ မာေက်ာမႈနဲ႔ အလြန္တူသလို ေကြးႏိုင္၊ ဆန္႔ႏိုင္ပါတယ္။ UL ရဲ႕စမ္းသပ္မႈအတြင္းမွာ display panel ကို ၄ ေပအျမင့္ကေန ၂၆ ခါတိတိ ပစ္ခ်ခဲ့တဲ့အခါမွာ ထိခိုက္မႈမရွိဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ အဲဒီ display ကို အလြန္ျပင္းထန္တဲ့ အပူခ်ိန္နဲ႔ ဆက္လက္စမ္းသပ္ခဲ့ပါေသးတယ္။ အဲဒီ panel ကို ၆ ေပ အျမင့္ကေန ပစ္ခ်ကာ စမ္းသပ္ခဲ့ရာမွာလည္း ျပႆနာမရွိခဲ့ဘူးလို႔ Samsung ကေျပာၾကားခဲ့ပါတယ္။

Samsung ရဲ႕ display ဟာ အလြယ္တကူမကြဲႏိုင္ေပမယ့္ ပလတ္စတစ္အေျခခံ display ကုိ ကာလရွည္ အသုံးျပဳလာတာနဲ႔ အစင္းရာေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။ Motorola ရဲ႕ထုတ္ကုန္ေတြမွာ ပလတ္စတစ္ display ကုိအသုံးျပဳခဲ့ေပမယ့္လည္း ေအာင္ျမင္မႈမရရွိခဲ့ဘူးလို႔ သိရပါတယ္။

စိုးထက္
Ref: AndroidCentral

[ Unicode ]

Samsung Display ဟာ မကွဲနိုင်တဲ့ display သစ်တစ်မျိုးကို ဖန်တီးနေတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ မကွဲနိုင်တဲ့ display ဟာ Underwriters Laboratries (UL) ကနေ အတည်ပြုထားတဲ့ အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါတယ်။ အဲဒီ panel ကို Samsung ရဲ့ခေတ်သစ်ဖုန်းတွေလိုပဲ ကွေးနိုင် ဆန့်နိုင်တဲ့ OLED နဲ့ ပြုလုပ်ထားပါတယ်။

ဖုန်းကုမ္ပဏီတော်တော်များများက မျက်နှာပြင်ကို မကွဲအောင် synthetic sapphire ကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ Synthetic sapphire ဟာ ကွဲကြေဖို့ ခက်ခဲပေမယ့် OLED panel နဲ့ ပေါင်းစပ်တဲ့အခါမှာ အကြမ်းခံပါတယ်။ ဒါပေမဲ့ ကြွပ်ဆတ်သွားတဲ့အတွက် ကွဲကြေနိုင်ပါသေးတယ်။ ဒါပေမဲ့ Samsung ကပြုလုပ်တဲ့ မကွဲနိုင်တဲ့ panel မှာ ဖန်ထည်အစား ခိုင်မာတဲ့ ပလတ်စတစ်နဲ့ပြုလုပ်ထားပြီး ထိခိုက်မှုရှိတဲ့အခါမှာ ကွဲကြေတာမျိုး မဖြစ်နိုင်ပါဘူး။

မကွဲနိုင်တဲ့ display မှာအသုံးပြုထားတဲ့ ပလတ်စတစ်ဟာ ဖန်ထည်မှာ ပါဝင်တဲ့ ပေါ့ပါးမှုနဲ့ မာကျောမှုနဲ့ အလွန်တူသလို ကွေးနိုင်၊ ဆန့်နိုင်ပါတယ်။ UL ရဲ့စမ်းသပ်မှုအတွင်းမှာ display panel ကို ၄ ပေအမြင့်ကနေ ၂၆ ခါတိတိ ပစ်ချခဲ့တဲ့အခါမှာ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အဲဒီ display ကို အလွန်ပြင်းထန်တဲ့ အပူချိန်နဲ့ ဆက်လက်စမ်းသပ်ခဲ့ပါသေးတယ်။ အဲဒီ panel ကို ၆ ပေ အမြင့်ကနေ ပစ်ချကာ စမ်းသပ်ခဲ့ရာမှာလည်း ပြဿနာမရှိခဲ့ဘူးလို့ Samsung ကပြောကြားခဲ့ပါတယ်။

Samsung ရဲ့ display ဟာ အလွယ်တကူမကွဲနိုင်ပေမယ့် ပလတ်စတစ်အခြေခံ display ကို ကာလရှည် အသုံးပြုလာတာနဲ့ အစင်းရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ Motorola ရဲ့ထုတ်ကုန်တွေမှာ ပလတ်စတစ် display ကိုအသုံးပြုခဲ့ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့ဘူးလို့ သိရပါတယ်။

စိုးထက်
Ref: AndroidCentral