မကြာမီ ရောင်းချမယ့် PlayStation 5 နဲ့ Xbox Series X အကြောင်း သိထားသင့်သမျှ

Sony နဲ့ Microsoft ကတော့ လာမယ့်အပတ်အတွင်း PlayStation 5 နဲ့ Xbox Series X ဂိမ်းစက်၂ ခုနဲ့ ပြန်လည် အားပြိုင်တော့ပါမယ်။ ကုမ္ပဏီ ၂ ခုက PlayStation 5 နဲ့ Xbox Series X ဂိမ်းစက်တွေအကြား နည်းဗျူတာနဲ့ နည်းစနစ်အချက်အလက် အပြင် ဂိမ်းတွေနဲ့ ဝယ်သူတွေကို အပြိုင်အဆိုင် ဆွဲဆောင်နေပါတယ်။

Microsoft ကတော့ Xbox Series X ဂိမ်းစက်နဲ့ Sony နဲ့အကြားက ကွာဟမှုကို ကျဉ်းမြောင်းပစ်ဖို့ မျှော်လင့်နေပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း ထွက်ခဲ့တဲ့ Microsoft Xbox One ထက် Sony ရဲ့ PlayStation 4 ဂိမ်းစက်ရောင်းအားက ၂ ဆများပါတယ်။

အခုဆောင်းပါးမှာတော့ Microsoft Xbox Series X နဲ့ Sony PlayStation 5 ဂိမ်းစက်တွေကို နှိုင်းယှဉ် ဖော်ပြပါမယ်။

PlayStation 5 နဲ့ Xbox Series X ထွက်ရှိမယ့်ရက်

Microsoft ရဲ့ Xbox Series X ကတော့ PlayStation 5 ထက် စောပြီး ထွက်ရှိပါမယ်။ Microsoft ကတော့ Xbox Series X ကိုတော့ နိုဝင်ဘာ ၁၀ ရက်မှာ ရောင်းချပါမယ်။

Sony ကတော့ PS5 ထွက်ရှိမယ့်ရက် နှောင့်နှေးနိုင်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်မှာ ဩစတြေးလျ၊ ဂျပန်၊ မက္ကဆီကို၊ နယူးဇီလန်၊ မြောက်အမေရိကနဲ့ တောင်ကိုရီးယားမှာ ရောင်းချပါမယ်။ နိုဝင်ဘာ ၁၉ ရက်မှပဲ တစ်ကမ္ဘာလုံး ဝယ်ယူနိုင်ပါမယ်။

ဂိမ်းစက် ကြိုတင်မှာယူမှုတွေအရ စံချိန်တင်ရောင်းအား ဖြစ်ဖို့ တာစူနေပါတယ်။ မတ်လအကုန်မှာ PS5 ဂိမ်းစက် ၇.၆ သန်း ရောင်းချနိုင်ဖို့ Sony ကရည်မှန်းထားပါတယ်။ အဲဒီပမာဏက PS4 ဂိမ်းရောင်းအားထက် များနေပါတယ်။

ဈေးနှုန်း

နည်းပညာအဆင့်မြင့်တက်လာမှုနဲ့ ကွန်ရက်မြန်ဆန်မှုကြောင့် Microsoft နဲ့ Sony က ဈေးနှုန်းမတူညီတဲ့ ဂိမ်းစက်တွေ ထုတ်လုပ်လာနိုင်ပါတယ်။

Sony က internal memory နဲ့ Ultra HD Blu-ray player ကတစ်ဆင့် 4K ရုပ်ထွက်အရည်အသွေး ဖော်ပြနိုင်တဲ့ ပရီမီယံ PS5 ဗားရှင်းကို ထုတ်လုပ်ထားပြီး ၅၈၅ ဒေါ်လာနဲ့ ရောင်းချပါမယ်။ ဒါ့အပြင် အွန်လိုင်းဂိမ်းတွေ ကစားနိုင်မယ့် ဒီဂျစ်တယ်ဗားရှင်း ဂိမ်းစက်ကတော့ ၃၉၉ ယူရို ကျသင့်ပါမယ်။

Microsoft ကလည်း Xbox Series X ပရီမီယံဂိမ်းစက် ကိုတော့ PS5 ဈေးနှုန်းအတိုင်း ရောင်းချပေမယ့် ဒီဂျစ်တယ်ဗားရှင်းကတော့ ၂၉၉ ယူရိုပဲ ကျသင့်ပါမယ်။

ဒီဇိုင်း

Sony နဲ့ Microsoft တို့ဟာ ဂိမ်းစက်ဒီဇိုင်းပိုင်း ချဉ်းကပ်ပုံ မတူညီကြပါဘူး။

Sony ရဲ့ PS5 ကတော့ ရှည်လျားပြီး သပ်ရပ်သလို V ပုံသဏ္ဍာန်ကို အနက်ပေါ်မှာ အဖြူရောင်ဖောက်ထားပါတယ်။ PS5 ဂိမ်းစက်ဒီဇိုင်းက ခေတ်ရှေ့ပြေးပါတယ်။

ဂိမ်းခလုတ်ကလည်း အရင်မျိုးဆက်နဲ့ မတူဘဲ အနက်ပေါ်မှာ အဖြူကို အသုံးပြုထားပါတယ်။

Xbox ကတော့ Xbox Series X မှာတော့ တည်ငြိမ်တဲ့ အနက်နဲ့ လိုဂိုအသေးစားကိုပဲ အသုံးပြုထားပါတယ်။

-စိုးထက်
Ref: AFP

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««