မက်ဆေ့ချ်တွေ ဖျောက်ပေးမယ့် WhatsApp လုပ်ဆောင်ချက်

WhatsApp ကတော့ မကြာခင်အချိန်မှာ မက်ဆေ့ချ်ဖျောက်ပေးမယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းပါတော့မယ်။ အဲဒီ လုပ်ဆောင်ချက်ကြောင့် သုံးစွဲသူတွေက WhatsApp မှာ ဒီဂျစ်တယ်ခြေရာလက်ရာတွေကို ဖျက်နိုင်ပါတယ်။

အသစ်ထွက်ရှိတဲ့ update မှာပါဝင်မယ့် feature ကြောင့် သုံးစွဲသူတွေက တစ်ဦးချင်း chat နဲ့ group တွေမှာ ပေးပို့ထားတဲ့ message တွေ တစ်ပတ်အတွင်း အလိုအလျောက် ဖျက်နိုင်မယ့် option အသုံးပြုနိုင်ပါမယ်။

WhatsApp ဟာ ပြိုင်ဘက် Signal နဲ့မတူတာက သုံးစွဲသူတွေကို လွတ်လပ်ခွင့် ပိုမိုပေးထားတာ ဖြစ်ပါတယ်။ မက်ဆေ့ချ်ကို အလိုအလျောက် ဖျက်မယ့် အချိန်ကာလကိုတော့ မပြောင်းနိုင်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် WhatsApp လုပ်ဆောင်ချက်အသစ်က ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုလည်း ဖျက်ပေးနိုင်ပါမယ်။

-စိုးထက်
Ref: TheGuardian

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««