ဘ႑ာေရးႏွင့္ သက္ဆိုင္သည့္ အသိပညာေပး ေရႊတိုးဂိမ္းကို မိတ္ဆက္

[ Zawgyi ]

Australian Department of Foreign Affairs and Trade (DFAT) တို႔ရဲ႕ပံ့ပိုးမႈနဲ႔ United Nations Capital Development Fund (UNCDF) နဲ႔ Wave Money တို႔ပူးေပါင္းၿပီး ျမန္မာႏုိင္ငံရွိ အမ်ိဳးသမီးထုအတြက္ ဘ႑ာေရးဆိုင္ရာ အသိပညာေပးမိုဘိုင္းဂိမ္း တစ္ခုျဖစ္တဲ့ ေရႊတိုးဂိမ္းကို မိတ္ဆက္ခဲ့ပါတယ္။

ဂိမ္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ျမန္မာႏုိင္ငံရဲ႕ ေငြေရးေၾကးေရးဆိုင္ရာဝန္ေဆာင္မႈ ရည္ရြယ္ခ်က္ျပည့္မီေအာင္ တစ္ဖက္တစ္လမ္းမွ ပါဝင္ေဆာင္ရြက္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

“Wave Money တစ္ဖြဲ႔လံုးကရွိၾကတဲ့ ေမွ်ာ္မွန္းခ်က္အတိုင္း ျမန္မာႏုိင္ငံအတြက္ ပိုမို ေကာင္းမြန္တဲ့အနာဂတ္ကို အတူတကြ တက္လွမ္းေနၾကပါတယ္။ အမ်ိဳးသမီးမ်ားက႑ ျမႇင့္တင္ေပးျခင္းဟာလည္း သူတို႔ ဘဝအတြက္ေရာ သူတို႔ေနထုိင္တဲ့ ပတ္ဝန္းက်င္အတြက္ပါ အက်ိဳးရလဒ္ေကာင္းေတြ အမ်ားႀကီးရမယ္ဆိုတာ အထင္အရွားပါပဲ။

အမ်ိဳးသမီးေတြရဲ႕ စြမ္းအင္ျမွင့္တင္ဖို႔ ဒီဂ်စ္တယ္ထုတ္ကုန္ေတြ ဖန္တီးတယ္ဆိုတာကလည္း ကၽြန္ေတ္ာတို႔ ထားရွိတဲ့ ေမွ်ာ္မွန္းခ်က္အျမင္နဲ႔ တိုက္႐ိုက္အခ်ိဳးက်ပါတယ္။ UNCDF တို႔ DFAT တို႔နဲ႔ အတူတကြ ပူးေပါင္းၿပီး ေရႊတိုးကို ဖန္တီးအေကာင္အထည္ ေဖာ္ရတာ အရမ္းကို ဂုဏ္ယူပါတယ္။ ဒီဂိမ္းဟာ ေငြေရးေၾကးေရးနဲ႔ သက္ဆိုင္တဲ့အေတြးအေခၚေတြကို ပိုမိုတိုးတက္ေအာင္ လမ္းျပႏုိင္လိမ့္မယ့္အျပင္ ျမန္မာႏုိင္ငံရဲ႕ ဘ႑ာေရး ေငြေရးေၾကးေရးဆိုင္ရာ ေဆာင္ရြက္မႈေတြကို ပိုမိုတိုးျမႇင့္ေပးႏုိင္လိမ့္မယ္ ယံုၾကည္ပါတယ္” လို႔ Wave Money CEO Brad Jones ကဆိုပါတယ္။

UNCDF country director , Paul Luchtenburg ကလည္း “ေငြေရးေၾကးေရးအခန္းက႑မွာ ေငြေရးေၾကးေရးဆိုင္ရာ အသိပညာေပးေရးကို အျခခံအုတ္ျမစ္တစ္ခုအျဖစ္ UNCDF ကေတာ့ ျမင္မိပါတယ္။ ျမန္မာႏုိင္ငံလူထုၾကားမွာ ေငြေရးေၾကးေရးဆိုင္ရာ အသိဥာဏ္ေတြကို ျဖန္႔ေဝေပးဖို႔အတြက္ ျမန္မာႏိုင္ငံမွာ မုိဘိုင္းဖုန္း အသုံးျပဳမႈႏႈန္းကို ပိုမိုက်ယ္ျပန္႔ေအာင္ျပဳလုပ္ဖို႔ DFAT ရဲ႕ ပံ့ပိုးမႈနဲ႔အတူ UNCDF နဲ႔ Wave Money တို႔ ပါတနာအျဖစ္ ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။

အမ်ိဳးသမီးေတြဟာ အိမ္ေထာင္စုတစ္စုရဲ႕ ပညာေရးနဲ႔ ေငြေရးေၾကးေရးပိုင္းဆိုင္ရာ စီမံခန္႔ခြဲေနတဲ့ အဓိကလူေတြျဖစ္တဲ့အတြက္ ေငြေရးေၾကးေရးဆိုင္ရာ အသိပညာေပးဖို႔ အဓိကက်ပါတယ္။ Wave Money ရဲ႕ ဖန္တီးမႈျဖစ္တဲ့ ဒီမိုဘိုင္းအက္ပလီေကးရွင္းဟာ အိမ္ေထာင္စုအတြက္ ေငြေရးေၾကးေရးစီမံခန္႔ခြဲမႈကို ပိုမိုခုိင္မာေတာင့္တင္းလာေစမွာျဖစ္ၿပီး အမ်ိဳးသမီးမ်ားအေနနဲ႔လည္း အေရးႀကီးတဲ့ ေငြေရးေၾကးေရး ဝန္ေဆာင္မႈေတြမွာ အသံုးျပဳႏုိင္တဲ့အျပင္ ပိုမိုေကာင္းမြန္တဲ့ရပိုင္ခြင့္ေတြ ရလာေစမွာပါ” လို႔ေျပာၾကားခဲ့ပါတယ္။

-ေအာင္သူ

[ Unicode ]

Australian Department of Foreign Affairs and Trade (DFAT) တို့ရဲ့ပံ့ပိုးမှုနဲ့ United Nations Capital Development Fund (UNCDF) နဲ့ Wave Money တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးထုအတွက် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးမိုဘိုင်းဂိမ်း တစ်ခုဖြစ်တဲ့ ရွှေတိုးဂိမ်းကို မိတ်ဆက်ခဲ့ပါတယ်။

ဂိမ်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှု ရည်ရွယ်ချက်ပြည့်မီအောင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“Wave Money တစ်ဖွဲ့လုံးကရှိကြတဲ့ မျှော်မှန်းချက်အတိုင်း မြန်မာနိုင်ငံအတွက် ပိုမို ကောင်းမွန်တဲ့အနာဂတ်ကို အတူတကွ တက်လှမ်းနေကြပါတယ်။ အမျိုးသမီးများကဏ္ဍ မြှင့်တင်ပေးခြင်းဟာလည်း သူတို့ ဘဝအတွက်ရော သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက်ပါ အကျိုးရလဒ်ကောင်းတွေ အများကြီးရမယ်ဆိုတာ အထင်အရှားပါပဲ။

အမျိုးသမီးတွေရဲ့ စွမ်းအင်မြှင့်တင်ဖို့ ဒီဂျစ်တယ်ထုတ်ကုန်တွေ ဖန်တီးတယ်ဆိုတာကလည်း ကျွန်တေ်ာတို့ ထားရှိတဲ့ မျှော်မှန်းချက်အမြင်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ UNCDF တို့ DFAT တို့နဲ့ အတူတကွ ပူးပေါင်းပြီး ရွှေတိုးကို ဖန်တီးအကောင်အထည် ဖော်ရတာ အရမ်းကို ဂုဏ်ယူပါတယ်။ ဒီဂိမ်းဟာ ငွေရေးကြေးရေးနဲ့ သက်ဆိုင်တဲ့အတွေးအခေါ်တွေကို ပိုမိုတိုးတက်အောင် လမ်းပြနိုင်လိမ့်မယ့်အပြင် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်ပေးနိုင်လိမ့်မယ် ယုံကြည်ပါတယ်” လို့ Wave Money CEO Brad Jones ကဆိုပါတယ်။

UNCDF country director , Paul Luchtenburg ကလည်း “ငွေရေးကြေးရေးအခန်းကဏ္ဍမှာ ငွေရေးကြေးရေးဆိုင်ရာ အသိပညာပေးရေးကို အခြခံအုတ်မြစ်တစ်ခုအဖြစ် UNCDF ကတော့ မြင်မိပါတယ်။ မြန်မာနိုင်ငံလူထုကြားမှာ ငွေရေးကြေးရေးဆိုင်ရာ အသိဉာဏ်တွေကို ဖြန့်ဝေပေးဖို့အတွက် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အသုံးပြုမှုနှုန်းကို ပိုမိုကျယ်ပြန့်အောင်ပြုလုပ်ဖို့ DFAT ရဲ့ ပံ့ပိုးမှုနဲ့အတူ UNCDF နဲ့ Wave Money တို့ ပါတနာအဖြစ် ပူးပေါင်းလုပ်ဆောင်နေပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင်စုတစ်စုရဲ့ ပညာရေးနဲ့ ငွေရေးကြေးရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲနေတဲ့ အဓိကလူတွေဖြစ်တဲ့အတွက် ငွေရေးကြေးရေးဆိုင်ရာ အသိပညာပေးဖို့ အဓိကကျပါတယ်။ Wave Money ရဲ့ ဖန်တီးမှုဖြစ်တဲ့ ဒီမိုဘိုင်းအက်ပလီကေးရှင်းဟာ အိမ်ထောင်စုအတွက် ငွေရေးကြေးရေးစီမံခန့်ခွဲမှုကို ပိုမိုခိုင်မာတောင့်တင်းလာစေမှာဖြစ်ပြီး အမျိုးသမီးများအနေနဲ့လည်း အရေးကြီးတဲ့ ငွေရေးကြေးရေး ဝန်ဆောင်မှုတွေမှာ အသုံးပြုနိုင်တဲ့အပြင် ပိုမိုကောင်းမွန်တဲ့ရပိုင်ခွင့်တွေ ရလာစေမှာပါ” လို့ပြောကြားခဲ့ပါတယ်။

-အောင်သူ