ဘွဲ့ကြိုဒီပလိုမာသင်တန်း (Dip-IT) စာမေးပွဲ ရက်ရွှေ့ဆိုင်း

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ဖွင့်လှစ်တဲ့ ဘွဲကြိုဒီပလိုမာသင်တန်း (Dip-IT) စာမေးပွဲရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

စာမေးပွဲကို မတ် ၃၀ ရက်တွင် စတင်ဖြေဆိုရမှာဖြစ်ပြီး COVID -19 ကြောင့်ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ရဲ့ မတ် ၂၆ ရက်မှာ စတင်ဖြေဆိုရမယ့် ပထမနှစ်ဝက်စာမေးပွဲများကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

စာမေးပွဲ ဖြေဆိုရမည့်ရက်ကို အချိန်နှင့် တစ်ပြေးညီ ထပ်မံကြေညာပေးသွားမယ်လို့ သိရပါတယ်။

-သန္တာ