ဘွဲ့လွန်ဘဏ်လုပ်ငန်း ဒီပလိုမာသင်တန်း ကို သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင်

[ Zawgyi ]




-ထွန်းထွန်း

[ Unicode ]

ဘွဲ့လွန် ဘဏ်လုပ်ငန်း ဒီပလိုမာသင်တန်းကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမယ်လို့ သိရပါတယ်။

အဆိုပါ Diploma in Banking (DB Course) သင်တန်းကို မြန်မာနိုင်ငံဘဏ်များအသင်းက ကြီးမှူးကာ မြန်မာနိုင်ငံဘဏ် သင်တန်းကျောင်း (Myanmar Institute of Banking ) နဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး အချိန်ပြည့် တစ်နှစ်သင်တန်း ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေဟာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပြီး အသက် ၂၀ နှစ်မှ ၅၀ ကြားရှိသူ၊ ဘဏ်လုပ်ငန်းကို စိတ်ဝင်စားပြီး ဘဏ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလိုသူတွေ လျှောက်ထားနိုင်ပါတယ်။

ဘဏ်လုပ်ငန်း ပညာရပ်တွေကို စာတွေ့လက်တွေ့ ပေါင်းစပ်ကာ သင်ကြားပေးမှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ မြန်မာနိုင်ငံဘဏ် သင်တန်းကျောင်း ဖုန်း-၀၁-၅၄၈၁၄၆၊ ၀၁-၈၆၀၅၅၄၃ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-ထွန်းထွန်း