ဘွဲ့လွန်ဘဏ်လုပ်ငန်းဒီပလိုမာသင်တန်းအတွက် သင်တန်းသားခေါ်ယူ

Internet Journal

[Zawgyi]




[Unicode]

မြန်မာနိုင်ငံဘဏ်များအသင်းက ကြီးမှူးကာ မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း (Myanmar Institute of Banking ) နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်တဲ့ ဘွဲ့လွန်ဘဏ်လုပ်ငန်းဒီပလိုမာသင်တန်း Diploma in Banking (DB Course) အတွက် သင်တန်းသားခေါ်ယူလျက်ရှိပါတယ်။

သင်တန်းကာလမှာ အချိန်ပြည့် တစ်နှစ်သင်တန်းဖြစ်ပြီး အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပြီး အသက် ၂၀ နှစ်မှ ၅၀ နှစ်ကြားရှိသူ၊ ဘဏ်လုပ်ငန်းကိုစိတ်ဝင်စားပြီး ဘဏ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလိုသူတွေ လျှောက်ထားနိုင်ပါတယ်။

အဆိုပါ သင်တန်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နောက်ဆုံးထား လျှောက်ထားရမယ်လို့ သိရပါတယ်။ ဘဏ်လုပ်ငန်းပညာရပ်တွေကို စာတွေ့လက်တွေ့ ပေါင်းစပ် သင်ကြားပေးမှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း ဖုန်း-၀၁-၅၄၈၁၄၆၊ ၀၁-၈၆၀၅၅၄၃ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။