ဘြဲ႕ရေက်ာင္းသားေတြရဲ႕ အလုပ္အကုိင္အခြင့္အလမ္း ရရွိမႈသည္ မိမိရရွိထားတဲ့ဘြဲ႕နဲ႔ အရည္အခ်င္းေပၚတြင္သာ မူတည္ေၾကာင္း ေဒါက္တာမ်ိဳးသိမ္းႀကီး ေျပာၾကား

[Zawgyi]

တကၠသိုလ္၊ ဒီဂရီေကာလိပ္ေတြကေန ဘြဲ႔ရရွိၿပီးသူေတြ အေနနဲ႔ အလုပ္အကိုင္ရရွိမႈ အခြင့္အလမ္းဟာ ၎တို႔ဘြဲ႔ ရရွိထားတဲ့ တကၠသိုလ္၊ ရရွိထားတဲ့ဘြဲ႕ဒီဂရီတို႔သာမက လူသားေကာင္းမ်ား အသင္းအဖြဲ႔ စိတ္ဓာတ္၊ ပင္ကို ကိုယ္ရည္ကိုယ္ေသြး၊ ဓမၼဓိ႒ာန္က်က် စဥ္းစားႏိုင္မႈ ဇြဲလုံ႔လ၊ ဝီရိယ၊ ျပႆနာေျဖရွင္းႏိုင္မႈ၊ တာဝန္ခံမႈ၊ တာဝန္ယူမႈ၊ ဆန္းသစ္တီထြင္ႏိုင္မႈ၊ ေစာင့္ထိန္းရမည့္က်င့္ဝတ္ သိကၡာကၽြမ္းက်င္မႈ၊ စိတ္အားထက္သန္ရွိမႈမ်ား အေပၚတြင္ မ်ားစြာမူတည္တယ္လုိ႔ ပညာေရး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမိ်ဳးသိမ္းႀကီးက ေျပာၾကားခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလအထိ ျပည္ေထာင္စုရာထူးဝန္အဖြဲ႔မွ ေခၚယူေသာ ရာထူးေနရာေတြမွာ ရန္ကုန္တကၠသိုလ္နဲ႔ မႏၲေလးတကၠသိုလ္တို႔မွ ရရွိတဲ့ဘြဲ႕နဲ႔ အျခား ဝိဇၨာသိပၸံတကၠသိုလ္ေတြက ရရွိတဲ့ ဘြဲ႔ဆုိၿပီး ခြဲျခား သတ္မွတ္ေဖာ္ျပ၍ ေခၚယူျခင္းမရွိပါေၾကာင္းနဲ႔ ရန္ကုန္တကၠသိုလ္၊ မႏၲေလးတကၠသိုလ္မွရရွိတဲ့ ႐ိုး႐ိုးဘြဲ႔ဒီဂရီ အမ်ိဳးအစားေတြဟာ အျခားဝိဇၨာသိပၸံတကၠသိုလ္ေတြက ေပးအပ္ခ်ီးျမႇင့္လ်က္ရွိတဲ့ ဘြဲ႔မ်ားနဲ႔ အတူတူသာျဖစ္ပါေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

အဆိုပါ အေၾကာင္းအရာကို ေမလ ၁၄ ရက္က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ မင္းလွမဲဆႏၵနယ္မွ ေဒါက္တာဦးသန္းေအာင္စိုးက ဝိဇၨာသိပၸံတကၠသိုလ္မ်ားတြင္ COE (Centre of Excellent) ေက်ာင္းမ်ား ဖြင့္လွစ္ထားရွိရာ ၎တကၠသိုလ္မ်ားမွ ဘြဲ႔ရရွိသူမ်ား၏ အလုပ္အကိုင္ အခြင့္အလမ္းႏွင့္ အျခား တကၠသိုလ္မ်ားမွ ရရွိေသာဘြဲ႔ႏွင့္ မည္သို႔ ကြာျခားမႈရွိသည္ကို သိလိုျခင္းႏွင့္ စပ္လ်ဥ္း၍ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းျခင္းအေပၚ ပညာေရး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမိ်ဳးသိမ္းႀကီးက ျပန္လည္ေျဖၾကားျခင္း ျဖစ္ပါတယ္။

ဓာတ္ပံု – ျပည္သူ႔လႊတ္ေတာ္ စာမ်က္ႏွာ

-သႏၲာ

[Unicode]

တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကနေ ဘွဲ့ရရှိပြီးသူတွေ အနေနဲ့ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းဟာ ၎င်းတို့ဘွဲ့ ရရှိထားတဲ့ တက္ကသိုလ်၊ ရရှိထားတဲ့ဘွဲ့ဒီဂရီတို့သာမက လူသားကောင်းများ အသင်းအဖွဲ့ စိတ်ဓာတ်၊ ပင်ကို ကိုယ်ရည်ကိုယ်သွေး၊ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားနိုင်မှု ဇွဲလုံ့လ၊ ဝီရိယ၊ ပြဿနာဖြေရှင်းနိုင်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ဆန်းသစ်တီထွင်နိုင်မှု၊ စောင့်ထိန်းရမည့်ကျင့်ဝတ် သိက္ခာကျွမ်းကျင်မှု၊ စိတ်အားထက်သန်ရှိမှုများ အပေါ်တွင် များစွာမူတည်တယ်လို့ ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ရာထူးနေရာတွေမှာ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့မှ ရရှိတဲ့ဘွဲ့နဲ့ အခြား ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက ရရှိတဲ့ ဘွဲ့ဆိုပြီး ခွဲခြား သတ်မှတ်ဖော်ပြ၍ ခေါ်ယူခြင်းမရှိပါကြောင်းနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်မှရရှိတဲ့ ရိုးရိုးဘွဲ့ဒီဂရီ အမျိုးအစားတွေဟာ အခြားဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက ပေးအပ်ချီးမြှင့်လျက်ရှိတဲ့ ဘွဲ့များနဲ့ အတူတူသာဖြစ်ပါကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

အဆိုပါ အကြောင်းအရာကို မေလ ၁၄ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုးက ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် COE (Centre of Excellent) ကျောင်းများ ဖွင့်လှစ်ထားရှိရာ ၎င်းတက္ကသိုလ်များမှ ဘွဲ့ရရှိသူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် အခြား တက္ကသိုလ်များမှ ရရှိသောဘွဲ့နှင့် မည်သို့ ကွာခြားမှုရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းအပေါ် ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်ပါတယ်။

ဓာတ်ပုံ – ပြည်သူ့လွှတ်တော် စာမျက်နှာ

-သန္တာ