ဘီလ်ဂိတ်စ်၊ အီလွန်မက်စ်နဲ့ အထင်ကရ နည်းပညာရှင်တွေရဲ့ Twitter account တိုက်ခိုက်ခံရ

ဘီလျံနာ အီလွန်မက်စ်၊ ဂျက်ဘီဇော့၊ ဘီလ်ဂိတ်တို့ရဲ့ Twitter account တွေကို Bitcoin လိမ်လည်မှုအဖြစ် အသုံးချကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဘားရတ်အိုဘားမား၊ ဂျိုးဘိုင်ဒန်နဲ့ ကာရေးဝက်စ်တို့ရဲ့ တရားဝင်အကောင့်ကို ဟက်ကာတွေက အသုံးချပြီး cryptocurrency အလှူခံခဲ့ကြပါတယ်။ နာမည်ကျော် တရားဝင် Twitter account တွေကိုယ်တိုင် Bitcoin တောင်းခံပုံစံမျိုးနဲ့ လိမ်လည်ခဲ့ပါတယ်။

အခုလို စုပေါင်းတိုက်ခိုက်မှုက အတွင်းပိုင်း စနစ်တွေနဲ့ tool တွေသုံးခွင့်ရှိတဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ Twitter ကပြောထားပါတယ်။
“ကျွန်တော်တို့ သိတာက ဟက်ကာတွေက အထင်အရ twitter account ကိုထိန်းချူပ်ပြီး ကိုယ်စား tweet တွေလုပ်နေတာ ဖြစ်တယ်” လို့Twitter ကပြောခဲ့ပါတယ်။

အခုလို တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး Twitter အကြီးအကဲ ဂျက်ဒိုဆေးကလည်း တောင်းပန်သွားခဲ့ပါတယ်။ အခုပေါက်ကြားမှုက အခြားအခြေအနေ ဖြစ်ရပ်တွေထက် ပိုမိုဆိုးဝါးတယ်လို့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူက ပြောခဲ့ပါတယ်။

စိုးထက်
Ref: BBC