ဘီလ္ဂိတ္စ္ကို ေက်ာ္ျဖတ္ၿပီး အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာတဲ့ ဂ်က္ဖ္ဘီေဇာ့စ္

[ Zawgyi ]

Amazon တည္ေထာင္သူ ဂ်က္ဖ္ဘီေဇာ့စ္ရဲ႕ လက္ရိွပိုင္ဆိုင္မႈဟာ ေဒၚလာ ၁၅၀ ဘီလ်ံ (ေပါင္ ၁၁၃ ဘီလ်ံ) ရိွလာေၾကာင္း Bloomberg ရဲ႕ ဘီလ်ံနာၫႊန္းကိန္းအရ သိရပါတယ္။

ဂ်က္ဖ္ဘီေဇာ့စ္ရဲ႕ အသားတင္ပိုင္ဆိုင္မႈဟာ ၿပီးခဲ့တဲ့ ၁၂ လအတြင္း ေဒၚလာ ၆၀ ဘီလ်ံ ျမင့္တက္လာခဲ့တာေၾကာင့္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ ျဖစ္လာခဲ့ပါတယ္။

သူ႔ရဲ႕ပိုင္ဆိုင္မႈဟာ အရင္က အခ်မ္းသာဆံုးပုဂၢိဳလ္စာရင္းရဲ႕ ထိပ္ဆံုးေနရာမွာ ရပ္တည္ခဲ့တဲ့ Microsoft တြဲဖက္တည္ေထာင္သူ ဘီလ္ဂိတ္စ္ထက္ ျမင့္မားခဲ့ပါတယ္။

မစၥတာဂိတ္စ္ကေတာ့ လက္ရိွမွာ ပိုင္ဆိုင္မႈ ေဒၚလာ ၉၅ ဘီလ်ံနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။

ဂ်က္ဖ္ဘီေဇာ့စ္အေနနဲ႔ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ေနရာကို အခုမွ ေရာက္ဖူးတာ မဟုတ္ပါဘူး။ ၂၀၁၇ ဇူလိုင္လက Amazon ရဲ႕ရွယ္ယာေတြ ျမင့္တက္ခ်ိန္မွာ ဘီလ္ဂိတ္စ္ကို ေက်ာ္ျဖတ္ၿပီး ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ေနရာမွာ ေခတၱမွ် ရပ္တည္ခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း ရွယ္ယာတန္ဖိုး က်ဆင္းသြားတဲ့အခါမွာေတာ့ ဒုတိယေနရာကို ျပန္လည္ေရာက္ရိွသြားခဲ့ပါတယ္။

ဘီလ္ဂိတ္စ္အေနနဲ႔ ပရဟိတအလုပ္ကိုသာ မလုပ္ခဲ့ဘူးဆိုရင္ ဒီကေန႔မွာ သူ႔ရဲ႕ ပိုင္ဆိုင္မႈက ေဒၚလာ ၁၅၀ ဘီလ်ံခန္႔ ရိွေနမွာျဖစ္တယ္လို႔ Bloomberg က မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဂိတ္စ္ဟာ ၁၉၉၆ ခုႏွစ္ကတည္းက Microsoft ရွယ္ယာ သန္း ၇၀၀ နီးပါး၊ ေငြသား ေဒၚလာ ၂.၉ ဘီလ်ံနဲ႔ အျခား အဖိုးတန္အရာေတြကို လွဴဒါန္းခဲ့တယ္လို႔ Bloomberg က ေဖာ္ျပခဲ့ပါတယ္။

-ေနာင္ေနာင္
Ref: BBC

[ Unicode ]

Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်ရဲ့ လက်ရှိပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၅၀ ဘီလျံ (ပေါင် ၁၁၃ ဘီလျံ) ရှိလာကြောင်း Bloomberg ရဲ့ ဘီလျံနာညွှန်းကိန်းအရ သိရပါတယ်။

ဂျက်ဖ်ဘီဇော့စ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ဒေါ်လာ ၆၀ ဘီလျံ မြင့်တက်လာခဲ့တာကြောင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ပိုင်ဆိုင်မှုဟာ အရင်က အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တဲ့ Microsoft တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ်စ်ထက် မြင့်မားခဲ့ပါတယ်။

မစ္စတာဂိတ်စ်ကတော့ လက်ရှိမှာ ပိုင်ဆိုင်မှု ဒေါ်လာ ၉၅ ဘီလျံနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဂျက်ဖ်ဘီဇော့စ်အနေနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို အခုမှ ရောက်ဖူးတာ မဟုတ်ပါဘူး။ ၂၀၁၇ ဇူလိုင်လက Amazon ရဲ့ရှယ်ယာတွေ မြင့်တက်ချိန်မှာ ဘီလ်ဂိတ်စ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာမှာ ခေတ္တမျှ ရပ်တည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ရှယ်ယာတန်ဖိုး ကျဆင်းသွားတဲ့အခါမှာတော့ ဒုတိယနေရာကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

ဘီလ်ဂိတ်စ်အနေနဲ့ ပရဟိတအလုပ်ကိုသာ မလုပ်ခဲ့ဘူးဆိုရင် ဒီကနေ့မှာ သူ့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၁၅၀ ဘီလျံခန့် ရှိနေမှာဖြစ်တယ်လို့ Bloomberg က မှတ်ချက်ပြုခဲ့ပါတယ်။ ဂိတ်စ်ဟာ ၁၉၉၆ ခုနှစ်ကတည်းက Microsoft ရှယ်ယာ သန်း ရ၀၀ နီးပါး၊ ငွေသား ဒေါ်လာ ၂.၉ ဘီလျံနဲ့ အခြား အဖိုးတန်အရာတွေကို လှူဒါန်းခဲ့တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

-နောင်နောင်
Ref: BBC