ဘီယွန်စေးရဲ့ အမြွှာကိုယ်ဝန် ကြေညာချက်က like အများဆုံးရတဲ့ Instagram post ဖြစ်လာ

ဘီယွန်စေးဟာ အမြွှာကိုယ်ဝန် လွယ်ထားရတဲ့အကြောင်းကို Instagram post တစ်ခုကနေ အံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။ အဲ့ဒီကြေညာချက်ဟာ အခုအချိန်မှာ like အရေအတွက် 6,628,654 ရရှိထားပြီး Instagram ပေါ်မှာ like အများဆုံးရရှိတဲ့ post တစ်ခု ဖြစ်လာခဲ့ပါတယ်။

Follower ၉၂.၉ သန်းရှိတဲ့ ဘီယွန်စေးဟာ ၂၀၁၆ က like အရေအတွက် 6,309,706 ရခဲ့တဲ့ ယခင်စံချိန်ရှင် ဆယ်လီနာဂိုမက်ဇ်ရဲ့ Coke သောက်နေတဲ့ sponsored post ကို ကျော်လွန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုမက်ဇ်က follower ၁၀၈ သန်း ပိုင်ဆိုင်ထားပြီး Instagram ပေါ်မှာ နာမည်အကျော်ကြားဆုံး account အဖြစ် ရပ်တည်နေပါတယ်။

Ref: TheVerge