ဘားကမ့္ျပည္ က်င္းပမည္

[ Zawgyi ]

ျပည္ၿမိဳ႕ရဲ႕ ဘားကမ့္ Barcamp Pyay 2018 အခမ္းအနားက်င္းပမယ္လို႔ သိရပါတယ္။

ၾသဂုတ္ ၁၈ ရက္နဲ႔ ၁၉ ရက္၊ အထက (၁) ျပည္ၿမိဳ႕မွာ နံနက္ ၉ နာရီကေန ညေန ၄ နာရီအထိက်င္းပမွာ ျဖစ္ေၾကာင္း သိရပါတယ္။ ျပည္ၿမိဳ႕ရဲ႕ ဘားကမ့္ကို ၂၀၁၂ ခုႏွစ္ကေန စတင္က်င္းပခဲ့တာ ျဖစ္ပါတယ္။ BarCamp ဆိုတာက ႀကိဳတင္စီစဥ္ထားျခင္းမရွိဘဲ တက္ေရာက္လာသူေတြရဲ႕ ကၽြမ္းက်င္ရာ အသိပညာပုိင္းဆိုင္ရာ အတတ္ပညာပိုင္းဆုိင္ရာေတြကို တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္နက္တည္း ေဆြးေႏြးေဟာ ေျပာႏိုင္ရန္ စီစဥ္ဖန္တီးေပးမယ့္ အခမ္းအနားတစ္ခု ျဖစ္ပါတယ္။ ႏိုင္ငံတကာမွာ တြင္က်ယ္လာတဲ့ နည္းတူ ျမန္မာႏုိင္ငံမွာလည္း ပထမဦးဆံုး BarCamp ကို ၂၀၁၀ ခုႏွစ္က ရန္ကုန္ၿမိဳ႕မွာ စတင္က်င္းပခဲ့တာ ျဖစ္ပါတယ္။

အဲဒီလိုက်င္းပခဲ့ရာမွာ အေရွ႕ေတာင္ အာရွတစ္ဝွမ္း အေအာင္ျမင္ဆံုး အခမ္းအနား တစ္ရပ္ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ ဘားကမ့္ရန္ကုန္၊ ဘားကမ့္မႏၲေလး၊ ဘားကမ့္ေတာင္ႀကီး၊ ဘားကမ့္ပုသိမ္၊ ဘားကမ့္လာ႐ိႈး၊ ဘားကမ့္ျပည္၊ ဘားကမ့္ပခုကၠဴ စသည္ျဖင့္ ၿမိဳ႕အေပၚလိုက္ၿပီး က်င္းပလာခဲ့တာျဖစ္ပါတယ္။ အခုက်င္းပမယ့္ ဘားကမ့္ဟာ ျပည္ၿမိဳ႕အတြက္ (၇) ႀကိမ္ေျမာက္ျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

ပြည်မြို့ရဲ့ ဘားကမ့် Barcamp Pyay 2018 အခမ်းအနားကျင်းပမယ်လို့ သိရပါတယ်။

သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်၊ အထက (၁) ပြည်မြို့မှာ နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ ပြည်မြို့ရဲ့ ဘားကမ့်ကို ၂၀၁၂ ခုနှစ်ကနေ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ BarCamp ဆိုတာက ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ တက်ရောက်လာသူတွေရဲ့ ကျွမ်းကျင်ရာ အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာတွေကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ဆွေးနွေးဟော ပြောနိုင်ရန် စီစဉ်ဖန်တီးပေးမယ့် အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တွင်ကျယ်လာတဲ့ နည်းတူ မြန်မာနိုင်ငံမှာလည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုကျင်းပခဲ့ရာမှာ အရှေ့တောင် အာရှတစ်ဝှမ်း အအောင်မြင်ဆုံး အခမ်းအနား တစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဘားကမ့်ရန်ကုန်၊ ဘားကမ့်မန္တလေး၊ ဘားကမ့်တောင်ကြီး၊ ဘားကမ့်ပုသိမ်၊ ဘားကမ့်လာရှိုး၊ ဘားကမ့်ပြည်၊ ဘားကမ့်ပခုက္ကူ စသည်ဖြင့် မြို့အပေါ်လိုက်ပြီး ကျင်းပလာခဲ့တာဖြစ်ပါတယ်။ အခုကျင်းပမယ့် ဘားကမ့်ဟာ ပြည်မြို့အတွက် (၇) ကြိမ်မြောက်ဖြစ်ပါတယ်။