ဘာသာစကား ၁၀၀ ခန့် တိုက်ရိုက် ဘာသာပြန်ပေးနိုင်တဲ့ Facebook AI

Facebook ဟာ အင်္ဂလိပ်ဘာသာစကားကို မှီခိုစရာ မလိုဘဲ ဘာသာစကား ၁၀၀ အထိ တိုက်ရိုက်ဘာသာပြန်ပေးမယ့် AI ကို မိတ်ဆက်လိုက်ပါတယ်။

Facebook ဟာ News Fed ပေါ်မှာ ဘာသာပြန်မှု ၂၀ ဘီလျံကျော်ကို ပြုလုပ်နေပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ဘာသာစကားကို ကြားခံထားပြီး ဘာသာပြန်ပေးနေတာပါ။ အခု AI ကတော့ တရုတ်ကနေ ပြင်သစ် ဒါမှမဟုတ် တရုတ်ကနေ အင်္ဂလိပ်၊ ပြင်သစ်ဘာသာ ပြန်ဆိုပေးနိုင်ပါတယ်။

Facebook AI က အခြားမော်ဒယ်တွေထက် သာလွန်တယ်လို့ သိရပါတယ်။ ပညာရှင်တွေ အသုံးပြုတဲ့စနစ်နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ အမှတ်တစ်ရာမှာ အခြားစနစ်ထက် ၁၀ မှတ်သာခဲ့ပါတယ်။ လူသားတွေ စစ်ဆေးတဲ့ မော်ဒယ်မှာလည်း ဘာသာပြန်ဆိုမှု ၉၀ ရာခိုင်နှုန်း တိကျပါတယ်။

-စိုးထက်
Ref: Engadget

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««