ဘာသာစကားလေ့လာမှုဆိုင်ရာ အထောက်အကူပြု Android App များ

ဘာသာစကား လေ့လာလိုသူတွေအတွက် အထောက်အကူပြုမယ့် ဘာသာစကားဆိုင်ရာ Android App တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ မြန်မာ၊ကိုရီးယားစတဲ့ ဘာသာစကားလေ့လာနေသူတွေ ဖုန်းထဲမှာဆောင်ထားသင့်တဲ့ App တွေဖြစ်ပြီး မိမိတို့ရဲ့ဘာသာစကားလေ့လာမှုအပေါ် များစွာအထောက်အပံ့ရရှိနိုင်မယ့် App တွေပဲဖြစ်ပါတယ်။ ဒီ App တွေထဲမှာ အွန်လိုင်းအခြေပြု App တွေနဲ့ Online, Offline နှစ်မျိုးအသုံးပြုရတဲ့ App တွေလည်း ပါဝင်ပါတယ်။

NewDay-English Speaking

အင်္ဂလိပ်စကားပြောဆိုင်ရာ လေ့ကျင့်ခန်းတွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ စကားပြောပုံစံများ၊ အပြန်အလှန် စကားပြောများ၊ နေရာဒေသ အလိုက်စကားပြောပုံများ၊ နားထောင်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းများနဲ့ ဆိုရိုးစကားများစတဲ့ ကဏ္ဍအလိုက် လေ့ကျင့်ခန်းများ အပါအဝင် YouTube ဗီဒီယိုသင်ခန်းစာနဲ့ Facebook စာမျက်နှာမှ အင်္ဂလိပ်စာ သင်ခန်းစာတွေကိုလည်း App ကနေ လေ့လာနိုင် အောင်ဖန်တီးထားပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

Myanmar English Translator

မြန်မာမှ အင်္ဂလိပ်၊ အင်္ဂလိပ်မှ မြန်မာ ဘာသာပြန်ဆိုနိုင်မယ့် App ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး စာရိုက်ကာဖြစ်စေ၊ အသံဖြင့်ဖြစ်စေ အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ် ဘာသာပြန်ဆိုနိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ်၊ မြန်မာဘာသာစကား လေ့လာလိုသူတွေအနေနဲ့ စကား ပြောလေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

Myanmar_English Dictionary

ဖုန်းမှာ အင်တာနက်ဖွင့်စရာမလိုဘဲ Offline အနေနဲ့အသုံးပြုနိုင်မယ့် မြန်မာ-အင်္ဂလိပ်အဘိဓာန် App ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာစာကော်မရှင်ဌာနရဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားချက်ပေါ် အခြေခံ ဖန်တီးထားတာဖြစ်ပြီး မြန်မာဝေါဟာရ အဓိပ္ပာယ်တွေကို အင်္ဂလိပ်လို ပြန်ဆိုထားတဲ့ ရှင်းလင်းချက်တွေအနေနဲ့ ရှာဖွေကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် မိမိသိချင်တဲ့ မြန်မာဝေါဟာရကို ရိုက်ထည့်ကာ ရှာဖွေနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

Thai Class – ထိုင်းစကားပြော

ထိုင်းစကားပြော အခမဲ့လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ထိုင်းအက္ခရာ ဗျည်း ၂၀ နဲ့ သရ ၂၄ လုံး အပါအဝင် စာအရေးအသားဆိုင်ရာတွေကို ဗီဒီယိုနဲ့တကွ လေ့လာနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေကို App ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် ဖုန်းထဲကို download ပြုလုပ်ကာလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

Easy Japanese in Burmese

ဂျပန်စာလေ့လာနေသူတွေ ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။ လွယ်ကူလေ့လာဂျပန် စာသင်ခန်းစာတွေကို အခန်းလိုက် မြန်မာလို ရှင်းလင်းပြန်ဆိုချက်တွေနဲ့တကွ လေ့လာနိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာခေါင်း စဉ်အလိုက် ရွေးချယ်လေ့လာနိုင်မှာ ဖြစ်သလို အကြောင်းအရာ အလိုက်လည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သင်ခန်းစာတွေအပြင် သတင်းနဲ့ ရေဒီယိုကိုလည်း App ကနေ နားဆင်နိုင်မှာဖြစ်ပြီး App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

NihongoGrammar – Study in Myanmar Language

ဂျပန်သဒ္ဒါကို မြန်မာဘာသာနဲ့ အလွယ်တကူလေ့လာနိုင်အောင် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ ဂျပန်စာ နီဟွန်ဂို N1 ကနေ N5 အထိ သင်ခန်းစာတွေကို Download  ပြုလုပ်ကာ Offline အနေနဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

Minna no Nihongo Myanmar

ဂျပန်စာ လေ့လာသူတွေအတွက် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ Minna no Nihongo ဂျပန်စာကို မြန်မာဘာသာပြန်နဲ့တွဲပြီး အသံထွက်၊ မြန်မာအဓိပ္ပာယ်နဲ့တကွ အခြေခံကစကာ လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

N2 Vocabulary

ဂျပန်စာနဲ့ ဘာသာစကား လေ့လာသူတွေအတွက် ဂျပန်စာ N2 အဆင့်ဝေါဟာရတွေကို မြန်မာဘာသာနဲ့ အဓိပ္ပာယ်နဲ့တကွ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။  နိဟွန်းဂိုး ဆိုမတိုမိ JLPT N2 အဆင့် ဝေါဟာရတွေကို နေ့စဉ်လေ့လာပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်ကာ မိမိရဲ့ဘာသာစကားစွမ်းရည်ကို တိုးတက်အောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

Learn Burmese Alphabet Easily Burmese Script

မြန်မာဘာသာစကား လေ့လာမှုဆိုင်ရာ App ဖြစ်ပါတယ်။ စကားလုံးဝေါဟာရတွေကို လေ့လာနိုင်မှာဖြစ်ပြီး ဉာဏ်စမ်းဂိမ်း၊ flash ကတ်၊ ရေးသားနည်း၊ မြန်မာစာ ဗျည်း၊ သရ၊ ကိန်းဂဏန်း အခေါ်အဝေါ် စတာတွေကို အသံထွက်နဲ့တကွ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

Chinese Myanmar Translator

တရုတ်စကားပြော လေ့လာနေသူတွေ ဆောင်ထားသင့်တဲ့ မြန်မာဘာသာမှ တရုတ်ဘာသာ၊ တရုတ်ဘာသာမှ မြန်မာဘာသာသို့ ဝေါဟာရ အဓိပ္ပာယ်များကို ပြန်ဆိုပေးနိုင်မယ့် တရုတ်-မြန်မာ အဘိဓာန် App ဖြစ်ပါတယ်။ ဝေါဟာရအဓိပ္ပာယ်အသံထွက်တွေကို ရှာဖွေကြည့်နိုင်မှာဖြစ်ပြီး အသံဖြင့်လည်း မိမိစကား ပြောလိုက်တဲ့ အသံကိုလည်း ဘာသာပြန်တာမျိုး ပြုလုပ်နိုင်မှာဖြစ်ပြီး ဘာသာပြန်အဓိပ္ပာယ်တွေကို အလွယ်တကူ ကူးယူကာမျှဝေနိုင်မှာလည်းဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ Download လုပ်ပါ။

-ရဲထွဋ်ဝင်း