ဘဝသက်တမ်းတစ်ခုလုံး ဖုန်းသုံးစွဲမှု ၉ နှစ်ရှိဟု စစ်တမ်းတစ်ခုဆို

ပြီးခဲ့တဲ့အပတ်က ဖုန်း screen ကြည့်ရှုနှုန်းနဲ့ ပတ်သက်ပြီး စစ်တမ်းသစ်တစ်ခု ထွက်လာပါတယ်။ WhistleOut ကဖော်ပြခဲ့တဲ့ စစ်တမ်းအရ အမေရိကန်တစ်ယောက် ပျှမ်းမျှအားဖြင့် ဘဝသက်တမ်းတစ်ခုလုံးရဲ့ ၉ နှစ်နီးပါး ဖုန်းအသုံးပြုသွားမယ်လို့ သိရပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်း မွေးဖွားလာကြသူတွေဟာ ဖုန်းအတွက် အချိန်အများဆုံး အသုံးချကြပါတယ်။ တစ်ရက်မှာ ၃.၇ နာရီလောက် ဖုန်းကို အသုံးပြုတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ X မျိုးဆက်တွေက တစ်ရက်မှာ ၃ နာရီလောက် ဖုန်းအသုံးပြုချိန်မှာတော့ Boomer တွေကတော့ ၂ နာရီလောက်ပဲ အသုံးပြုကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူတွေဟာ အိမ်မှာ နေရပြီး အွန်လိုင်းဆက်သွယ်မှု များပြားလာတဲ့ ဖုန်းနဲ့ laptop တွေကို ပိုမို အသုံးပြုကြပါတယ်။ နည်းပညာစွဲလမ်းမှုက ပြဿနာတစ်ရပ်အဖြစ် ရှိနေပါတယ်။ ဖုန်းကကလည်း ဘဝရဲ့ အရေးပါဆုံး အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««