ဘတ်ဂျက်ဖုန်းတွေအတွက် Qualcomm ရဲ့ Snapdragon 480

Qualcomm ဟာ ဘတ်ဂျက်ဖုန်းတွေအတွက် 4-series chipset မှ ပထမဆုံး 5G SoC ဖြစ်တဲ့ Snapdragon 480 ကိုမိတ်ဆက်လိုက်ပါတယ်။ Snapdragon 480 ချစ်ပ်ဟာ လာမယ့်နှစ်အတွင်း ဈေးသက်သာတဲ့ 5G ဖုန်းတွေမှာ ပါဝင်လာပါတော့မယ်။ အခု chipset ကတော့ 8nm လုပ်ငန်းစဉ်နဲ့ တည်ဆောက်ထားပြီး Snapdragon X51 5G Modem-RF စနစ်နဲ့အတူ mmWave နဲ့ Sub-6 GHz ကွန်ရက်တွေကို ထောက်ပံ့ထားပါတယ်။

CPU အပိုင်းမှာလည်း 2.0GHz Cortex-A76 အခြေခံပြီး Kryo 460 စွမ်းဆောင်ရည် core နဲ့အတူ 1.8GHz A55 core ပါဝင်လာပါတယ်။ GPU ပိုင်းမှာတော့ Adreno 619 ပါဝင်လာပါတယ်။ Qualcomm ဟာ Snapdragon 460 chipset နဲ့နှိုင်းယှဉ်ရင် Snapdragon 480 ရဲ့ CPU နဲ့ GPU စွမ်းဆောင်ရည်နှစ်ဆ ပိုသာပါတယ်။ AI လုပ်ဆောင်ချက်ကလည်း ၇၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်လာပါတယ်။

အခြား လုပ်ဆောင်ချက်တွေကတော့ FHD+ ရုပ်ထွက်အရည်အသွေးနဲ့ refresh rate 120Hz အထိ ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် 64MP ကင်မရာ sensor နဲ့ 60fps နဲ့ 1080p ဗီဒီယိုရိုက်ကူးမှုကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ Snapdragon 480 မှာတော့ Qualcomm ရဲ့ Spectra 345 ISP လည်းပါဝင်လာပါတယ်။

Snapdragon 480 ပရိုဆက်ဆာတွေဟာ vivo, Oppo, Xiaomi, Motorola နဲ့ Nokia အပါအဝင် တန်ဖိုးနည်း 5G ဖုန်းတွေမှာ ပါဝင်လာပါမယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««