ဘဏ်အကောင့်တွေထဲ ဝင်ရောက်စစ်ဆေးနိုင်မယ့် feature ကို Google ထည့်သွင်းမည်

Google ဟာ လာမယ့်နှစ်အတွင်း သုံးစွဲသူတွေ ဘဏ်အကောင့်ထဲ ငွေကြေးဝင်ရောက်စစ်ဆေးနိုင်အောင် ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

အဲဒီ account တွေကို Citigroup နဲ့ စတန်းဖို့ဒ်တက္ကသိုလ်က အကြွေးဝယ်ကတ်သမဂ္ဂက စီမံသွားမယ်လို့ Google ကအတည်ပြုခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ချဉ်းကပ်မှုက ဘဏ်တွေနဲ့ ဘဏ္ဍာရေးစနစ်နဲ့အတူ ထဲထဲဝင်ဝင် ပူးပေါင်းသွားဖို့ပဲဖြစ်ပါတယ်” လို့ Google က ဆီဇာဆန်ဂုပတားက WSJ ကိုပြောခဲ့ပါတယ်။

သုံးစွဲသူတွေက Google Pay ကတစ်ဆင့် ဘဏ်အကောင့်တွေကို စစ်ဆေးနိုင်ပါမယ်။ ဒါပေမဲ့ ဘဏ်အကောင့်တွေ စစ်ဆေးတဲ့အခါ ငွေကြေးကောက်ခံသွားမလား ဆိုတာကိုတော့ စဉ်းစားနေဆဲဖြစ်တယ်လို့ ဆန်ဂုပတားက ပြောခဲ့ပါတယ်။ Google အနေနဲ့ သုံးစွဲသူတွေရဲ့ ဘဏ္ဍာရေးအချက်အလက်တွေကို ရောင်းချသွားမှာ မဟုတ်သလို ကြော်ငြာအတွက် Google Pay အချက်အလက်တွေကို ဝေမျှ၊ အသုံးပြုမှာ မဟုတ်ဘူးလို့ ဆန်ဂုပတားက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဘဏ်အကောင့်တွေကို စစ်ဆေးတဲ့ သုံးစွဲသူတွေအနေနဲ့ အသုံးဝင်မယ့် အချက်အလက်အသေးစိတ်နဲ့ ဝင်ငွေ/ထွက်ငွေ tool တွေကနေ အကျိုးကျေးဇူးတွေ ရရှိမယ်လို့ Google ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

စိုးထက်
Ref: CNET