ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Executive Master of Banking and Finance – EMBF) သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ ဖြစ်ရမှာဖြစ်ပြီး ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင် အဆင့်မြင့်စီမံခန့်ခွဲမှုအတွေ့အကြုံ သို့မဟုတ် လုပ်သက် (၅) နှစ် ရှိသူ ဖြစ်ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်မှာ အသက် (၃၀) ပြည့်ပြီးသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း ၂၀၆ မှာ အောက်တိုဘာ ၁၇ ရက် မှ စတင် ရယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ ၁ ရက်မှာ ဖြေဆိုရမှာဖြစ်ပြီး အသေးစိတ်ကို ဖုန်း – ၀၁-၅၂၆၆၁၃၊ ၀၁-၅၁၃၄၅၇ နဲ့ ၀၁-၅၁၃၅၇၆ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ