
MSME လုပ်ငန်းရှင်တွေအတွက် ဘဏ်ချေးငွေလျှောက်ထားရာမှာ လိုအပ်တဲ့ ချေးငွေလျှောက်ထား ခြင်းဆိုင်ရာ ပြင်ဆင်မှုသင်တန်း (Loan Preparation Training) ဖွင့်လှစ်ပေးသွားမယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး MSME Agency နဲ့ချေးငွေစိစစ်ရေးကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး စီးမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးရဲ့ လမ်းညွှန်ချက်အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် နှင့် MSME Association (Yangon) အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း (ရန်ကုန်) တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များအတွက် ဘဏ်ချေးငွေလျှောက်ထားရာမှာ လိုအပ်တဲ့ ချေးငွေလျှောက်ထားခြင်း ဆိုင်ရာ ပြင်ဆင်မှုသင်တန်း (Loan Preparation Training) ကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
သင်တန်းကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီခွဲ မှ ညနေ ၃ နာရီခွဲအထိ ဘွိုင်လာသင်တန်းခန်းမ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဗဟန်းမြို့နယ် မှာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ အခမဲ့ ဖြစ်ပြီး စာရွက်စာတမ်းကြေး တစ်သောင်းကျပ် သာပေးရမှာ ဖြစ်ပါတယ်။
တက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း-၀၉-၂၅၅၅၆၃၂၃၂ နဲ့ Ma Amy@ဒေါ် အေမီ ဖုန်း-၀၉-၇၉၈၁၅၅၂၀၀) သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။
-သန္တာ