ဘဏ္ခြဲမရွိသည့္ေနရာမ်ားတြင္ မိုဘိုင္းဘဏ္လုပ္ငန္း ဝန္ေဆာင္မႈမ်ား ခြင့္ျပဳေဆာင္ရြက္လ်က္ရွိ

[ Zawgyi ]

ဘဏ္ခြဲမရွိသည့္ေနရာေတြမွာ မိုဘိုင္းဘဏ္လုပ္ငန္း ဝန္ေဆာင္မႈေတြ ခြင့္ျပဳေဆာင္ရြက္ေနေၾကာင္း သိရပါတယ္။

ေမ ၂၉ ရက္က က်င္းပခဲ့တဲ့ ျပည္သူ႔အတြက္ ဒုတိယ(၁)ႏွစ္တာကာလအတြင္း ေဆာင္ရြက္ခဲ့မႈ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးသိန္းက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ဘဏ္ခြဲဖြင့္လွစ္ႏိုင္ျခင္းမရွိတဲ့ ေနရာေတြမွာ ရွိသူေတြအတြက္ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈရရွိေစရန္ ဘဏ္ရဲ႕ေအးဂ်င့္မွ တစ္ဆင့္ Mobile Application ကို အသုံးျပဳၿပီး ဝန္ေဆာင္မႈေပးႏိုင္ဖို႔ ဘဏ္ေတြကို မိုဘိုင္းဘဏ္လုပ္ငန္း ေဆာင္ရြက္ခြင့္ျပဳထားေၾကာင္း၊ ၂၀၁၆ ခုႏွစ္ မတ္လကုန္မွာ ပုဂၢလိကဘဏ္ ၇ ခုကို မိုဘိုင္းဘဏ္လုပ္ငန္း ဝန္ေဆာင္မႈ ေဆာင္ရြက္ခြင့္ျပဳခဲ့ရာမွ အခုအခါ ပုဂၢလိကဘဏ္ ၉ ခုမွ မိုဘိုင္းဘဏ္လုပ္ငန္း ဝန္ေဆာင္မႈေတြကို ေဆာင္ရြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ဘဏ္နဲ႔ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားအျပင္ မိုဘိုင္းကြန္ယက္ ေအာ္ပေရတာမ်ားကပါ ဝန္ေဆာင္မႈေပးႏိုင္ဖို႔ ရည္ရြယ္ၿပီး မိုဘိုင္းကြန္ရက္ ေအာ္ပေရတာ ႏွစ္ခုနဲ႔ ဘဏ္မဟုတ္ေသာ ေငြေရးေၾကးေရး အဖြဲ႕အစည္းတစ္ခုတို႔ကို မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ခြင့္ျပဳခဲ့ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

==========

[ Unicode ]

ဘဏ်ခွဲမရှိသည့်နေရာများတွင် မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ခွင့်ပြုဆောင်ရွက်လျက်ရှိ

==========

ဘဏ်ခွဲမရှိသည့်နေရာတွေမှာ မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ခွင့်ပြုဆောင်ရွက်နေကြောင်း သိရပါတယ်။

မေ ၂၉ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘဏ်ခွဲဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ နေရာတွေမှာ ရှိသူတွေအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုရရှိစေရန် ဘဏ်ရဲ့အေးဂျင့်မှ တစ်ဆင့် Mobile Application ကို အသုံးပြုပြီး ဝန်ဆောင်မှုပေးနိုင်ဖို့ ဘဏ်တွေကို မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားကြောင်း၊ ၂၀၁၆ ခုနှစ် မတ်လကုန်မှာ ပုဂ္ဂလိကဘဏ် ရ ခုကို မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု ဆောင်ရွက်ခွင့်ပြုခဲ့ရာမှ အခုအခါ ပုဂ္ဂလိကဘဏ် ၉ ခုမှ မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများအပြင် မိုဘိုင်းကွန်ယက် အော်ပရေတာများက ပါ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး မိုဘိုင်းကွန်ရက် အော်ပရေတာ နှစ်ခုနဲ့ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုတို့ကို မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

-ထွန်းထွန်း