ဘက်ထရီ 7,000mAh ပါဝင်တဲ့ Samsung Galaxy M51

ပြီးခဲ့တဲ့လက Samsung Galaxy M51 အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အခုဆိုရင် Samsung က ဂျာမန်ဝက်ဘ်ဆိုက်ကနေ တရားဝင် မိတ်ဆက်လိုက်ပါတယ်။

Samsung Galaxy M51 မှာ အထူးခြားဆုံး feature ကတော့ ဘက်ထရီ 7,000mAh ဖြစ်ပြီး 25W အားသွင်းမြန်ဆန်ထောက်ပံ့ထားကာ အားတစ်ခါသွင်းရင် ၂ ရက် အသုံးပြုနိုင်ပါတယ်။ M51 မှာ Snapdragon 730 အသုံးပြုထားပြီး octa-core ပရိုဆက်ဆာကို RAM 6GB , storage 128GB တို့နဲ့ ချိတ်ဆက်ထားပါတယ်။ ဒါ့အပြင် microSD ကတ်လည်း တိုးချဲ့နိုင်ပါတယ်။

မျက်နှာပြင်အရွယ်အစားကတော့ ၆.၇ လက်မဖြစ်ပြီး Super AMOLED နဲ့အတူ FHD+ ရုပ်ထွက်အရည်အသွေးနဲ့ ဘေးဘက်မှာ fingerprint reader တို့ပါဝင်လာပါတယ်။

ကျောဘက် ကင်မရာ ၄ လုံးနဲ့ဖြစ်ပြီး အဓိကကင်မရာ 64MP နဲ့ ၁၂၃ ဒီဂရီ field of view ပါဝင်တဲ့ 12MP ultrawide နဲ့ 5MP macro shooter တို့ပါဝင်လာပါတယ်။ Depth sensing အတွက် 5MP တစ်လုံးလည်း ပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ 32MP ဖြစ်ပါတယ်။

Samsung Galaxy M51 ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ယူရို ၃၆၀ ကျသင့်ပါမယ်။ အရောင်တွေကတော့ အနက်နဲ့အဖြူ ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မှပဲ တင်ပို့ရောင်းချပါမယ်။

စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««