ဘက်ထရီ 6,000mAh ပါဝင်တဲ့ Poco M3 မိတ်ဆက်

Poco M3 ကတော့ တရားဝင်ထွက်ရှိလာပြီး ကုမ္ပဏီရဲ့ ဈေးအသက်သာဆုံး စီးရီးက တတိယမြောက် စမတ်ဖုန်းဖြစ်ပါတယ်။

Poco M3 ဒီဇိုင်းက အလွန်ကောင်းမွန်ပြီး ကျောဘက်မှာ ထောင့်မှန်စတုဂံထဲမှာ ကင်မရာအုံ ပါဝင်လာပါတယ်။ ဒါ့အပြင် လက်ရာမထင်တဲ့ finish အသုံးပြုထားပါတယ်။ အနက်ရောင်၊ အပြာနဲ့ အဝါတို့နဲ့ ထွက်လာပါမယ်။

Poco M3 ရဲ့အကြီးမားဆုံး feature ကတော့ ဘက်ထရီ 6,000mAh ပါဝင်တာ ဖြစ်ပါတယ်။ အားသွင်းမြန်ဆန်စနစ် 18W ပါဝင်လာပါတယ်။

Poco က M3 မှာပါဝင်တဲ့ ဘက်ထရီက အကြီးမားဆုံး ဖြစ်တယ်လို့ ဂုဏ်ယူစွာ ပြောထားပါတယ်။ ပေါ့ပေါ့ပါးပါး အသုံးပြုမယ်ဆိုရင် ၅ ရက်အထိ အသုံးပြုသလို ပုံမှန်ဆိုရင် ၃ ရက်အထိ အသုံးပြုနိုင်ပါတယ်။ ကြီးမားတဲ့ ကိစ္စတွေ အတွက် အသုံးပြုရင် တစ်ရက်ခွဲလောက် ဘက်ထရီ အသုံးခံပါတယ်။ Poco M3 ဘက်ထရီက နှစ်နှစ်ခွဲအထိ မကျဆင်းဘဲ အသုံးပြုနိုင်ပါတယ်။

မျက်နှာပြင်က ၆.၅၃ လက်မ FHD+ IPS LCD နဲ့ refresh rate 60Hz ရှိကာ Gorilla Glass 3 အသုံးပြုထားပါတယ်။ မျက်နှာပြင်ထိပ်ဘကမှာ 8MP selfie ကင်မရာကို ရေစက်ပုံစံ notch ထဲ ထည့်ထားပါတယ်။

ကျောဘက်မှာ ကင်မရာ ၃ လုံးပါဝင်ပြီး 0.8μm pixel နဲ့ 48MP အဓိက sensor (12MP ပေါင်းစပ်ထားတဲ့ 1.6μm) နဲ့ f/1.9 lens ပါဝင်တယ်။ အခြား sensor တွေကတော့ 2MP f/2.4 macro နဲ့ 2MP f/2.44 depth sensor ဖြစ်ပါတယ်။

Poco M3 မှာ 11nm Snapdragon 662 chipset နဲ့ RAM 4GB အပြင် Storage က 64GB ဒါမှဟုတ် 128GB ကိုရွေးချယ်နိုင်ပါတယ်။

စတူရီယိုစပီကာလည်း ပါဝင်ပြီး Poco M3 ဘေးဘက် fingerprint scanner နဲ့ IR blaster တို့လည်း ပါဝင်ကြပါတယ်။

Poco M3 မှာ MIUI12 အောက်မှာ Android 10 နဲ့ Poco Launcher ပါဝင်လာပါတယ်။ Xiaomi က အချိန်တစ်ခုအတွင်း Android 11 ကိုထုတ်လုပ်ပေးသွားပါမယ်။

Poco M3 ကိုတော့ နိုဝင်ဘာ ၂၇ ရက် Black Friday ဈေးဝယ်ရာသီ အမေရိကန်မှာ စတင်ရောင်းချပါမယ်။ အထူးလျှော့ဈေးအဖြစ် Poco M3 4/64GB ကို ၁၂၉ ဒေါ်လာနဲ့ 4/128GB ကိုတော့ ၁၄၉ ဒေါ်လာနဲ့ စတင်ရောင်းချပါမယ်။

-စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««