ဘက်ထရီ အလွန်အမင်း ကုန်ခန်းမှု ဖြစ်ပေါ်နေတဲ့ iOS 14.2

iOS 14.2 ဟာ ဘက်ထရီအလွန်အမင်း ကုန်ခန်းစေတယ်လို့ Apple Developer ဖိုရမ်တွေနဲ့ Reddit မှာ သုံးစွဲသူတွေက တင်ပြထားကြပါတယ်။

iOS 14.2 မှာ ဘက်ထရီကုန်ခန်းမှု မြန်ဆန်ခြင်းနဲ့ အားသွင်းဖို့ အချိန်ပိုယူရပါတယ်။ တချို့သုံးစွဲသူတွေကတော့ နာရီဝက်လောက်မှာပဲ ဘက်ထရီ ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းတယ်လို့ ပြောကြပါတယ်။ ဖုန်းကို ပုံမှန်အသုံးပြုမှု မိနစ်အနည်းငယ်အတွင်း ဘက်ထရီ ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါသေးတယ်။

အခု ပြဿနာက software နဲ့ဆက်စပ်နေဖွယ်ရှိပါတယ်။ ဘက်ထရီ မကျဆင်းခင်မှာ ဘက်ထရီအပြည့် ဖြည့်ထားပြီး ဖုန်းကို restart လုပ်လိုက်ရင် ဘက်ထရီပြန်ဝင်နေတာ တွေ့ရပါတယ်။ iPhone XS, iPhone 7, iPhone 6S နဲ့ iPhone SE ပထမမျိုးဆက်တွေမှာ ဘက်ထရီကုန်ခန်းတဲ့ ပြဿနာ ဖြစ်နေပါတယ်။ iPadOS 14.2 အသုံးပြုထားတဲ့ ၂၀၁၈ iPad Pro လည်းပါပါတယ်။

iOS 14.2 နဲ့ iPadOS 14.2 တို့ဟာ iOS 14.1 နဲ့ iPadOS 14.1 ထွက်ပြီး နှစ်ပတ်အကြာမှာ ထွက်လာခဲ့ပါတယ်။ iOS နဲ့ iPadOS 14 operating system တွေက စက်တင်ဘာလမှာ ထွက်လာခဲ့ပါတယ်။

စိုးထက်
Ref: MacRumors

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««