ဘက်ထရီအလွန်ကြီးမားတဲ့ Samsung Galaxy M31 ကိုမိတ်ဆက်

Samsung ဟာ ၂၀၂၀ မှာ Galaxy M စီးရီး ပထမဆုံးဖုန်းကို မိတ်ဆက်လိုက်ပါတယ်။

Galaxy M31 ဖုန်းမှာ OneUI 2 နဲ့ Android 10 အပြင် ကင်မရာပိုင်း တိုးတက်လာပြီး ဘက်ထရီက အလွန်ကြီးမားကာ 6,000mAh ရှိပါတယ်။ ၆.၄ လက်မအရွယ် FHD+ SuperAMOLED display ပါဝင်ပြီး aspect ratio 19.5:9 ရှိပါတယ်။ ရှေ့ကင်မရာကတော့ 16MP ဖြစ်ပြီး ရေစက်ပုံစံ notch ထဲထည့်သွင်းထားပါတယ်။

ဖုန်းရဲ့ ကျောဘက်ကို ပိုလီကာဗွန်နိတ်နဲ့ ဖန်တီးထားပြီး ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ အဓိကကင်မရာကတော့ 64MP sensor နဲ့အတူ Samsung ရဲ့ Tetracell pixel ပေါင်းစပ်မှုနည်းပညာကို အသုံးပြုထားကာ 16MP ဓာတ်ပုံတွေ ထုတ်လုပ်ပေးနိုင်ပါတယ်။ 8MP ultrawide ကင်မရာကို 5MP macro , depth sensor နဲ့တွဲဖက်ပေးထားပြီး ကျောဘက်မှာ capacitive fingerprint scanner ပါဝင်လာပါတယ်။

Galaxy M31 မှာ Exynos 9611 chipset အသုံးပြုထားပြီး RAM 6GB နဲ့ UFS 2.1 storage ကို 64GB ဒါမှမဟုတ် 128GB မော်ဒယ်ရွေးချယ်နိုင်ကာ microSD ကတ်ပေါက်ကတစ်ဆင့် storage ကိုတိုးချဲ့နိုင်ပါသေးတယ်။ Galaxy M31 မှာတော့ Android 10 အပေါ်ကနေထပ်ပြီး Samsung UI 2 ကိုအသုံးပြုထားပါတယ်။ ဖုန်းမှာ ဘက်ထရီ 6,000mAh ပါဝင်တာကြောင့် USB-C port ကနေ 15W အထိအားသွင်းနိုင်ပါတယ်။ အခြားပါဝင်တဲ့ feature ကတော့ 3.5mm နားကြပ်ပေါက်၊ FM ရေဒီယိုနဲ့ Bluetooth 5.0 တို့ပါဝင်လာပါတယ်။

Galaxy M31 ကို အနက်၊ အပြာ ၂ မျိုး ထုတ်လုပ်ထားကာ 6/64 ဗားရှင်းကို ဈေးနှုန်း ၂၀၈ ဒေါ်လာနဲ့ 6/128 ဗားရှင်းကို ၂၂၂ ဒေါ်လာနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်။ မတ်လ ၅ ရက်၊ အိန္ဒိယမှာ စတင်ရောင်းချသွားပါမယ်။

စိုးထက်
Ref: GSMArena