ဘက်ထရီအကုန်သက်သာစေတဲ့ Android ရဲ့ Standby App လုပ်ဆောင်ချက်ကို ဘယ်လိုသုံးမလဲ

စမတ်ဖုန်းဘက်ထရီက နေ့စဉ် ဘက်ထရီသုံးစွဲမှုများတဲ့အတွက် ဘက်ထရီသုံးစွဲမှုကို လျှော့ချနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခု ဖြစ်တဲ့ Standby app လုပ်ဆောင်ချက်ကို အသုံးပြုပြီး လျှော့ချနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က Android OS စနစ်မှာ Default အနေနဲ့ ပါဝင်လာတဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်က အမြဲပုံမှန်အသုံးပြုနေတဲ့ app တွေ၊ ဂိမ်းတွေကို Active, Working_Set, Frequent, Rare အနေနဲ့ ကဏ္ဍ ၄ ခုနဲ့ ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။ အမြဲသုံးတာ၊ အမြဲမသုံးပေမယ့် သုံးဖို့လိုအပ်တာ၊ မကြာခဏအသုံးပြုတာ၊ လုံးဝနီးပါး မသုံးမပြုတာ စတဲ့ ကဏ္ဍတွေအနေနဲ့ ဖုန်းထဲက App တွေကို ကြည့်ရှုစစ်ဆေးပြီး ဘက်ထရီသုံးစွဲမှုကို ပိုမိုကြာရှည်အောင် လုပ်ဆောင်ထားနိုင်မှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် ဖုန်းမှာ Developer Option ကို ဖွင့်ပေးရမှာဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းထဲက Settings ထဲကို ဝင်ပါ။

Settings ထဲကိုရောက်ရင်တော့ About Phone ကို ထပ်နှိပ်ပါ။

About Phone စနစ်ထဲကို ရောက်ရင်တော့ Build number ဆိုတဲ့ နေရာကို ၇ ကြိမ်လောက် ဆက်တိုက်နှိပ်ပေးပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံထဲကလို You are now a developer! ဆိုတဲ့စာသား ပေါ်လာရင်တော့ Android OS မှာ ပိတ်ထားတဲ့ Developer mode ပွင့်လာမှာဖြစ်ပါတယ်။

 

အဲလိုပွင့်လာရင်တော့ Settings စနစ်ထဲကို ပြန်သွားပြီး Developer mode ထဲကို ဝင်လိုက်ပါ။ Developer mode ထဲကို ရောက်ရင်တော့ Standby apps ဆိုတာကို ရှာပြီး နှိပ်လိုက်ပါ။

Standby apps စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီမှာ မိမိ ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ App တွေကို မြင်ရမှာဖြစ်ပြီး မိမိအနေနဲ့ App တစ်ခုကို နှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း အသုံးပြုနေတဲ့အခြေအနေကို တွေ့ရမှာဖြစ်ပါတယ်။

မိမိအနေနဲ့ App ရဲ့ ကဏ္ဍ ၄ ခုကို ပြောင်းလဲပေးထားပြီး ဖုန်း App တွေရဲ့ ဘက်ထရီ သုံးစွဲမှုကို ကန့်သတ်ပြီး ဖုန်းဘက်ထရီသုံးစွဲမှုကို သက်သာစေနိုင်မှာဖြစ်ပါတယ်။

ရဲထွဋ်ဝင်း