ဘက်ထရီသက်တမ်း တစ်ရက်ကျော်အထိ သုံးနိုင်တဲ့ Samsung Galaxy Buds Pro

Samsung ရဲ့အသစ်ထွက်ရှိမယ့် Galaxy Buds Pro သတင်းတွေကတော့ အဆက်မပြတ်ထွက်နေပါတယ်။ Galaxy Buds Pro ဒီဇိုင်းက လုံးဝန်းပြီး AirPods Pro လိုမျိုး spatial အသံစနစ် ပါဝင်လာပါတယ်။

WalkingCat အကောင့်က Twitter မှာဝေမျှထားတဲ့ ဓာတ်ပုံအရ Galaxy Buds Pro အသေးစိတ်အချက်တွေ ပါလာပါတယ်။ Samsung ဟာ Galaxy Buds Pro ကိုတော့ ၁၉၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့ သိရပါတယ်။ Galaxy Buds Pro မှာတော့ Galaxy Buds Plus လိုမျိုး 2-way စပီကာပါဝင်ပြီး active noise cancellation လည်း ပါဝင်လာပါမယ်။ Samsung ကတော့ ဉာဏ်ရည်မြင့်မားတဲ့ noise cancelling လုပ်ဆောင်ချက်လို့ ခေါ်ပါတယ်။ နားကြပ်မှာတော့ conversation mode, ambient sound နဲ့ ထိန်းချုပ်လို့ရတဲ့ ANC လည်း ပါဝင်လာပါမယ်။

အခြား လုပ်ဆောင်ချက်တွေကတော့ Galaxy Buds Pro မှာတော့ spatial audio နဲ့ IP87 ရေစိုခံစနစ်လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် ဖုန်းမှာ Galaxy Buds widget လည်းပါဝင်မယ်လို့ slide တစ်ခုမှာ ဖော်ပြထားပါတယ်။

Galaxy Buds Pro ဘက်ထရီသက်တမ်းကတော့ သီချင်းနားထောင်ရင် ၈ နာရီ၊ စကားပြောရင် ၄ နာရီခွဲ အထိ အသုံးပြုနိုင်ပြီး စုစုပေါင်း နားကြပ် case နဲ့အတူ ၂၈ နာရီ အထိ အသုံးပြုနိုင်အောင် ထောက်ပံ့ထားပါတယ်။ ဘက်ထရီသက်တမ်းကြောင့် Galaxy Buds Pro က Galaxy Buds Live နဲ့ပိုဆင်ပါတယ်။

Samsung ဟာ Unpacked ပွဲကိုတော့ ဇန်နဝါရီ ၁၄ ရက်မှာ ပြုလုပ်နိုင်ပါတယ်။ Galaxy S21 စီးရီးဖုန်း အပြင် Galaxy Buds Pro ကိုလည်း မိတ်ဆက်နိုင်ပါတယ်။

-စိုးထက်
Ref: XDADevelopers

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««