ဘက်ထရီကြီးမားတဲ့ Samsung Galaxy A12 နဲ့ A02s မိတ်ဆက်

Samsung ဟာ ၂၀၂၁ ခုနှစ်မှာ ရောင်းချဖို့ ပထမဆုံးဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။

Samsung ရဲ့ Galaxy A12 နဲ့ A02s စမတ်ဖုန်းတွေဟာ ဈေးသက်သာပြီး ဘက်ထရီ 5,000m Ah ပါဝင်လာပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၂၃၇ ပဲရှိပါတယ်။

Samsung Galaxy A12 နဲ့ A02s ဖုန်းတွေက ဈေးသက်သာပြီး ဘက်ထရီလည်း ကြီးမားပါတယ်။ မျက်နှာပြင်အရွယ်ကလည်း ၆.၅ လက်မ ဖြစ်ပြီး HD+ ရုပ်ထွက်အရည်အသွေး ပါဝင်ကာ ကိုယ်ထည်ကတော့ ပလတ်စတစ်ဖြစ်ပါတယ်။

Samsung ဟာ Galaxy A02s အတွက် 1.8GHz octa-core ပရိုဆက်ဆာ၊ RAM 3GB နဲ့ storage 32GB အပြင် ကျောဘက်ကင်မရာ 13MP, 2MP macro နဲ့ 2MP depth sensor ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ 5MP ပါဝင်လာပါတယ်။ ဖုန်းမှာတော့ fingerprint scanner မပါဝင်ပေမယ့် passcode ကိုအသုံးပြုနိုင်ပါမယ်။

Galaxy A12 မှာတော့ 2.3GHz octa-core ချစ်ပ်ပါဝင်ပြီး RAM 6GB နဲ့ ထပ်တိုးနိုင်တဲ့ storage 32GB ကနေ 128GB အထိ ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာ 48MP, 5MP ultra-wide, 2MPP macro နဲ့ 2MP depth sensor ပါဝင်လာပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ ဒီဖုန်းမှာ fingerprint reader ပါဝင်လာပါတယ်။

Samsung က Galaxy A12 ရဲ့ 64GB မော်ဒယ်နဲ့ 128GB မော်ဒယ်ကို ၂၁၂ ဒေါ်လာနဲ့ ၂၃၆ ဒေါ်လာတွေနဲ့ ဇန်နဝါရီလမှာ ဥရောပမှာ ရောင်းချပါမယ်။ Galaxy A02s ကိုတော့ ဖေဖော်ဝါရီလမှာ ရောင်းချပါမယ်။ Samsung ဟာ Galaxy A02s 32GB မော်ဒယ်ကိုတော့ ၁၇၈ ဒေါ်လာနဲ့ ရောင်းချပါမယ်။

-စိုးထက်
Ref: AndroidAuthority

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««