ဘက်ထရီကြီးမားတဲ့ Honor Play 9A

ဈေးနှုန်းသက်သာတဲ့ Honor Play 9A ကိုထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။

Honor Play 9A မှာဘက်ထရီ 5,000mAh ပါဝင်ပေမယ့် 48MP ကင်မရာတော့မပါဝင်ပါဘူး။
Honor Play 9A မှာ ၆.၃ လက်မ LCD ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး 720p+ ဖြစ်ပြီး NTSC အရောင် ၇၀ရာခိုင်နှုန်း အသုံးပြုထားပါတယ်။ ရှေ့ဘက်က notch ထဲမှာ 8MP selfie ကင်မရာနဲ့အတူ 1080p ဗီဒီယိုမှတ်တမ်းတင်နိုင်ပါတယ်။
ကျောဘက်မှာ အဓိကကင်မရာ 13MP (f/1.8 aperture) ပါဝင်ပြီး 1080p ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။ အဲဒီကင်မရာကို portrait ရိုက်ကူးဖို့အတွက် 2MP depth sensor နဲ့တွဲဖက်ထားပြီး ကျောဘက်မှာ fingerprint reader ပါဝင်လာပါတယ်။

Honor Play 9A မှာ MediaTek Helio P35 Chipset (Cortex A53 CPU core ၈ ခုနဲ့ PowerVR GE8320 GPU) ပါဝင်လာပါတယ်။ ဒါ့အပြင် RAM 4GB နဲ့ Magic UI 3.0.1 နဲ့အတူ Andorid 10 ကိုအသုံးပြုထားပါတယ်။
ဖုန်းမှာ storage 64GB ပါဝင်ပြီး 128GB ဗားရှင်းကိုလည်း ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် 512GB အထိတိုးချဲ့နိုင်အောင် microSD ကတ်ထောက်ပံ့မှုပါဝင်လာပါတယ်။
ဖုန်းမှာ ဘက်ထရီ 5,000mAh ပါဝင်ပေမယ့် microUSB port အအသုံးပြုထားတဲ့အတွက် 10W အထိပဲ အားသွင်းနိုင်ပါတယ်။ နားကြပ်ပေါက် 3.5mm ပါဝင်ပြီး FM radio လည်းပါဝင်လာပါတယ်။ Honor Play 9A မှာ Huawei ရဲ့ Histen 6.0 အသံပိုင်းဆိုင်ရာ နည်းပညာ ပါဝင်လာပါတယ်။
Honor Play 9A မှာ dual SIM ကို 4G နဲ့ VoLTE ထောက်ပံ့မှုနဲ့ အသုံးပြုနိုင်ပြီး 2.4GHz Wi-Fi b/g/n နဲ့ Bluetooth 5.0 (NFC မပါဝင်) တို့ပါဝင်လာပါတယ်။

Honor Play 9A ကို vmall.com ကနေကြိုတင်မှာယူနိုင်ပါတယ်။ Honor Play 9A ရဲ့ 64GB ဗားရှင်းကတော့ ၁၂၅ ဒေါ်လာကျသင့်နိုင်ပြီး 128GB ကတော့ ယွမ် ၁,၂၀၀ ကျသင့်ပါမယ်။ ဖုန်းကို အနက်၊ အပြာနဲ့ အစိမ်းနဲ့ထုတ်လုပ်သွားပါမယ်။

စိုးထက်
Ref: GSMArena