ဘက်ထရီကြီးမားတဲ့ Gionee Steel 5 ကိုထုတ်ဖော်ပြသ

Gionee ဟာ ၂၀၁၈ အကုန်မှာ ကုမ္ပဏီဒေဝါလီခံသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ Gionee အမှတ်တံဆိပ်ကတော့ ဆက်လက်ရှိနေသေးပြီး Gionee Steel 5 ဖုန်းသစ်ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။

ဖုန်းမျက်နှာပြင်အရွယ်အစားက ၆.၂လက်မ IPS LCD နဲ့အတူ ရုပ်ထွက်အရည်အသွေး 720p ဖြစ်ပါတယ်။ ရှေ့ကင်မရာက 13MP ဖြစ်ပြီး ရေစက်ပုံစံ notch ဖြစ်ပါတယ်။ ကျောဘက်မှာတော့ စတုရန်းပုံစံ ကင်မရာထဲမှာ 12MP နဲ့ 2MP depth sensor အပြင် LED flash ၂ခုလည်းပါဝင်လာပါတယ်။

ဖုန်းရဲ့ အကောင်းဆုံး feature ကတော့ 5,000mAh ဘက်ထရီ ဖြစ်တယ်။ အားသွင်းမြန်ဆန်တဲ့ စနစ်ပါဝင်ပြီး 10W အထိအနည်းဆုံး အားသွင်းပေးနိုင်ပါတယ်။ ဖုန်းမှာ 4G ထောက်ပံ့မှုပါဝင်ပြီး SIM ကတ်ပေါက် ၂ ခုပါဝင်လာပါတယ်။

Gionee Steel 5 မှာ Android 9 Pie အခြေခံ “AmigoOS” အသုံးပြုထားပြီး 4/64GB နဲ့ 6/128GB မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပါတယ်။ ဖုန်းမှာ ဘယ်လို chipset ပါဝင်မလဲဆိုတာ မသိရသေးပေမယ့် octa-core ပရိုဆက်ဆာဖြစ်တယ်လို့ သိရပါတယ်။

Gionee Steel 5 ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မကြာခင်ထုတ်ပြန်ဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena