ဘက္ထရီႀကီးမားတဲ့ Galaxy A10s ကို Samsung မိတ္ဆက္

[ Zawgyi ]

Samsung ဟာ ေနာက္ဆုံးေပၚ A စီးရီးဖုန္းတစ္မ်ိဳးကို မိတ္ဆက္ခဲ့ပါတယ္။ Galaxy A10s အမည္ရဖုန္းမွာ အေရးပါတဲ့ အဆင့္ျမႇင့္တင္မႈတခ်ိဳ႕ ပါဝင္လာပါတယ္။ ဘက္ထရီကႀကီးမားၿပီး ေက်ာဘက္မွာ fingerprint ထည့္သြင္းထားပါတယ္။

ဖုန္းမွာ ၆.၂ လက္မ IPS Infinity-V မ်က္ႏွာျပင္ (V ပုံသ႑ာန္ notch) နဲ႔အတူ ႐ုပ္ထြက္အရည္အေသြး 720x 1520 pixel ျဖစ္ပါတယ္။ မ်က္ႏွာျပင္မွာ octa-core CPU ( core ေလးခု 2.0GHz အထိ clock လုပ္ထားၿပီး core ေလးခု 1.5GHz တုိ႔ပါဝင္) တို႔အသုံးျပဳထားပါတယ္။ ဒါ့အျပင္ RAM 2GB နဲ႔ storage 32GB ကုိ microSD ကတစ္ဆင့္ storage တုိးခ်ဲ႕ႏိုင္ပါတယ္။

ကင္မရာပုိင္းကေတာ့ ေက်ာဘက္မွာ f/1.8 aperture နဲ႔အတူ 13MP နဲ႔ 2MP depth sensor ပါဝင္လာပါတယ္။ ဒါ့အျပင္ notch အတြင္း 8MP ကင္မရာနဲ႔အတူ f/2.0 aperture ကုိ face unlock ေထာက္ပံ့ထားပါတယ္။
ဘက္ထရီက ႀကီးမားၿပီး 4,000mAh ျဖစ္ၿပီး (A10 ထက္ 600mAh မ်ားျပား) One UI နဲ႔အတူ Android 9.0 Pie အသုံးျပဳထားပါတယ္။

Galaxy A10s ကုိ အျပာ၊ အစိမ္း၊ အနီ၊ အနက္ ဆုိၿပီး အေရာင္ ၄ မ်ိဳးနဲ႔ ထုတ္လုပ္ထားပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Samsung ဟာ နောက်ဆုံးပေါ် A စီးရီးဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Galaxy A10s အမည်ရဖုန်းမှာ အရေးပါတဲ့ အဆင့်မြှင့်တင်မှုတချို့ ပါဝင်လာပါတယ်။ ဘက်ထရီကကြီးမားပြီး ကျောဘက်မှာ fingerprint ထည့်သွင်းထားပါတယ်။

ဖုန်းမှာ ၆.၂ လက်မ IPS Infinity-V မျက်နှာပြင် (V ပုံသဏ္ဍာန် notch) နဲ့အတူ ရုပ်ထွက်အရည်အသွေး 720x 1520 pixel ဖြစ်ပါတယ်။ မျက်နှာပြင်မှာ octa-core CPU ( core လေးခု 2.0GHz အထိ clock လုပ်ထားပြီး core လေးခု 1.5GHz တို့ပါဝင်) တို့အသုံးပြုထားပါတယ်။ ဒါ့အပြင် RAM 2GB နဲ့ storage 32GB ကို microSD ကတစ်ဆင့် storage တိုးချဲ့နိုင်ပါတယ်။

ကင်မရာပိုင်းကတော့ ကျောဘက်မှာ f/1.8 aperture နဲ့အတူ 13MP နဲ့ 2MP depth sensor ပါဝင်လာပါတယ်။ ဒါ့အပြင် notch အတွင်း 8MP ကင်မရာနဲ့အတူ f/2.0 aperture ကို face unlock ထောက်ပံ့ထားပါတယ်။
ဘက်ထရီက ကြီးမားပြီး 4,000mAh ဖြစ်ပြီး (A10 ထက် 600mAh များပြား) One UI နဲ့အတူ Android 9.0 Pie အသုံးပြုထားပါတယ်။

Galaxy A10s ကို အပြာ၊ အစိမ်း၊ အနီ၊ အနက် ဆိုပြီး အရောင် ၄ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Ref: GSMArena