ဘက္ထရီသက္တမ္း ပိုၾကာရွည္ေစဖို႔ လုပ္သင့္တဲ့အခ်က္

ဖုန္းတစ္လံုးရဲ႕ ဘက္ထရီသံုးစဲြႏိုင္မႈ ၾကာခ်ိန္ဟာ တျဖည္းျဖည္းနဲ႔ နည္းပါးလာတတ္ပါတယ္။ ဒီလိုသံုးစဲြႏိုင္မႈသက္တမ္း တျဖည္းျဖည္း နည္းပါးလာတဲ့ ဘက္ထရီေတြကိုသက္တမ္္း ပိုမုိၾကာရွည္စြာသံုးစဲြႏိုင္ဖို႔အတြက္ tweak အခ်ိဳ႕ရွိပါတယ္။ ဘက္ထရီသက္တမ္း ပိုမိုၾကာရွည္စြာ အသံုးျပဳႏိုင္ဖို႔အတြက္ ေအာက္ေဖာ္ျပပါ နည္းလမ္းမ်ားအတိုင္း ျပဳလုပ္ႏိုင္ပါတယ္။

၁ – Wi-Fi Assist ကိုပိတ္ထားပါ

ဖုန္းမွာပါဝင္တဲ့ Wi-Fi Assist ဆိုတာက Wi-Fi အသံုးျပဳေနရာကေန connection ခ်ိတ္ဆက္ႏိုင္မႈအကြာအေဝးနဲ႔ ေဝးသြားတဲ့အခ်ိန္မွာ cellular data ကို ဆက္လက္အသံုးျပဳႏိုင္ေစမယ့္ feature တစ္ခုျဖစ္ပါတယ္။ Wi-Fi network ကေန ထြက္သြားတဲ့အခါမွာ အင္တာနက္ ျပတ္ေတာက္ မသြားေစရန္အတြက္ cellular data ကို ခ်ိတ္ဆက္အသံုးျပဳႏိုင္ေအာင္ ေထာက္ပံ့ေပးထားတဲ့ နည္းပညာျဖစ္ပါတယ္။

၂ – Screen Time ကိုေလွ်ာ့ခ်ပါ

ဘက္ထရီေလွ်ာ့ခ်တဲ့ နည္းလမ္းေတြထဲမွာ ဘက္ထရီသံုးစဲြမႈ ရာခိုင္ႏႈန္းအမ်ားဆံုးက ဘာလဲဆိုတာကို သိရွိဖို႔က အေရးႀကီးပါတယ္။ ဥပမာ – ဘယ္ app ေတြက ဘက္ထရီဘယ္ေလာက္ သံုးစဲြတယ္။ iMessage ကို သံုးစဲြမႈေၾကာင့္ ဘက္ထရီဘယ္ေလာက္ ကုန္တယ္။ ဂိမ္းေတြကစားတာနဲ႔ Lock screen ပြင့္ေနတာေတြက ဘက္ထရီဘယ္ေလာက္ ရာခိုင္ႏႈန္းသံုးစဲြတယ္ဆိုတဲ့ အခ်က္အလက္ေတြကို သိရွိထားျခင္းက ဘက္ထရီသံုးစဲြမႈမ်ားတဲ့ အေျခအေနေတြကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ ဒါေၾကာင့္ ဘက္ထရီသံုးစဲြမႈရာခိုင္ႏႈန္းအေျခအေနကို သိခ်င္ရင္ Settings ထဲကိုသြားရပါမယ္။ Settings ေအာက္ကမွ Battery ဆိုတာကို ေရြးခ်ယ္ပါ။ Battery settings ထဲကို ေရာက္သြားၿပီဆိုရင္ Battery usage ဆိုတာကို ေခတၱေစာင့္ေပးလိုက္ပါ။ ၿပီးရင္ Battery usages ထဲမွာ ညာဘက္ေထာင့္မွာရွိတဲ့ နာရီပံုေလးကို ႏွိပ္ရပါမယ္။ ဒါဆိုရင္ ဘယ္ app က ဘယ္ေလာက္ထိ အသံုးျပဳထားတယ္၊ ဘယ္ app ေတြမွာ ဘက္ထရီဘယ္ေလာက္ ရာခိုင္ႏႈန္းသံုးစဲြတယ္ဆိုတာကို ရာခိုင္ႏႈန္းေတြနဲ႔ ေဖာ္ျပေပးထားတာကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

၃ – လိုင္းမမိတဲ့ ေနရာေတြမွာ Disconnected လုပ္ထားပါ

ခရီးသြားတဲ့အခါမွာ cellular network မမိတဲ့ေနရာမ်ိဳးကို ေရာက္ေနတယ္ဆိုရင္ cellular data ကို ပိတ္ထားသင့္ပါတယ္။ Cellular data ဟာ လိုင္းမမိတဲ့အခ်ိန္မွာ connect ျပန္လည္ျပဳလုပ္ႏိုင္ဖို႔အတြက္ ပိုမိုအလုပ္လုပ္ေဆာင္ၿပီး ရွာေဖြေနတတ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ cellular data ကို မပိတ္ဘဲ ဆက္လက္ဖြင့္ထားမယ္ဆိုရင္ ဘက္ထရီဟာ အကုန္ျမန္ႏိုင္တာေၾကာင့္ ပိတ္ထားသင့္ပါတယ္။ Cellular data ကို ပိတ္ဖို႔အတြက္ Settings > Cellular > Cellular data ဆိုတဲ့ toggle ကို ပိတ္ထားရပါမယ္။

၄ – Location Service settings ေတြကို ခ်ိန္ညိႇပါ

အျခားေသာ app ေတြက Location service ကို အသံုးျပဳဖို႔ မလိုအပ္ပါဘူး။ ဒါေၾကာင့္ Location service အသံုးျပဳဖို႔မလိုတဲ့ app ေတြကိုလိုက္ၿပီး settings ေတြကို ခ်ိန္ညိႇကာပိတ္ထားသင့္ပါတယ္။ Location service ကို အသံုးျပဳတာဟာ ဘက္ထရီသက္တမ္းကို ေလ်ာ့က်ေစပါတယ္။ Location service ေတြကို ခ်ိန္ညိႇဖို႔အတြက္ ပထမဆံုး Settings ကိုသြားပါ။ ၿပီးရင္ Privacy ဆိုတာကို သြားရပါမယ္။

Privacy ေအာက္ကမွ Location services ဆိုတာကို ေရြးခ်ယ္ၿပီး app တစ္ခုခ်င္းစီမွာ settings ကို ခ်ိန္ညိႇရပါမယ္။ Location service
မလိုအပ္တဲ့ app ေတြကို Never ဆိုတာကို ေရြးခ်ယ္ၿပီး လိုအပ္မယ္ထင္တဲ့ app ေတြကိုေတာ့ While using the app ဆိုတာကို ေရြးခ်ယ္ေပးထားမယ္ဆိုရင္ Locating service on ထားရင္ေတာင္ လိုအပ္တဲ့ app ေတြမွသာ Location service က အလုပ္လုပ္မွာ ျဖစ္ပါတယ္။

၅ – Background app refresher ကို Disable လုပ္ပါ

Location service လိုမ်ိဳး app ေတြအားလံုးဟာ ေနာက္ကြယ္မွာ refresh ျပဳလုပ္စရာမလိုအပ္ပါဘူး။ App ေတြဟာ ေနာက္ကြယ္မွာ refresh ျပဳလုပ္ေနတာေၾကာင့္ ဘက္ထရီကုန္ဆံုးႏိုင္မႈရာခိုင္ႏႈန္း ပိုမိုမ်ားျပားႏိုင္ပါတယ္။ Background app refresher ကို disable ျပဳလုပ္ဖို႔အတြက္ Settings ထဲကိုသြားပါ။ Settings ေအာက္ကမွ General ကိုေရြးခ်ယ္ပါ။ ၿပီးရင္ Background app refresher ဆိုတာကို ႏွိပ္ပါ။ Background app refresher ထဲကိုေရာက္ၿပီဆိုရင္ Background app refresher ဆိုတဲ့ toggle ကို ပိတ္ထားရမွာ ျဖစ္ပါတယ္။

၆ – Auto brightness ကို Disable လုပ္ပါ

Auto brightness feature ဟာလည္း ပတ္ဝန္းက်င္ရဲ႕ အလင္းအေမွာင္ အေျခအေနကိုလိုက္ၿပီး screen အလင္းအေမွာင္ကို ခ်ိန္ညိႇေပး တာေၾကာင့္ စြမ္းအင္ကို အမ်ားအျပားသံုးစဲြပါတယ္။ ဒါေၾကာင့္ screen ရဲ႕အလင္းအေမွာင္ကို manual ခ်ိန္ညိႇၿပီး အသံုးျပဳဖို႔အတြက္ Auto brightness ဆိုတာကို disable ျပဳလုပ္ထားသင့္ပါတယ္။ Settings ကိုသြားပါ။ ၿပီးရင္ Display & Brightness ဆိုတာကို ေ႐ြးခ်ယ္ေပးရပါမယ္။ အဲဒီေအာက္ကမွ Auto brightness ဆိုတဲ့ toggle ကို disable ျပဳလုပ္ ထားရပါမယ္။

၇ – Hard Reset ျပဳလုပ္ၿပီးလုပ္ေဆာင္ခ်က္ ပိုမိုေကာင္းမြန္ေအာင္ လုပ္ပါ

Hard Reset ျပဳလုပ္ျခင္းဟာ RAM နဲ႔ background process ေတြကို အျမန္ဆံုးရွင္းလင္းတဲ့ နည္းလမ္းျဖစ္ပါတယ္။ ဒါေၾကာင့္ Hard reset ျပဳလုပ္ၿပီးသင့္ရဲ႕ iPhone လုပ္ေဆာင္ခ်က္ေတြ ပိုမိုေကာင္းမြန္ ေအာင္လည္း လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

၈ – Email settings ကိုခ်ိန္ညိႇပါ

တကယ္လို႔ email settings မွာ mail account ကို Push လို႔ သတ္မွတ္ထားတယ္ဆိုရင္ email အသစ္ေတြကို စစ္ေဆးဖို႔အတြက္ network ကို ခ်ိတ္ဆက္ပါလိမ့္မယ္။ ဒါဟာ ဘက္ထရီကို အကုန္ျမန္ေစႏိုင္တဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။ Fetch ဆိုတာကေတာ့
email အသစ္ေတြကိုအခ်ိန္အပိုင္းအျခားနဲ႔ စစ္ေဆးေပးပါတယ္။ ဒါေၾကာင့္ mail settings ထဲကိုသြားၿပီး Fetch ဆိုတာကို ေျပာင္း ထားသင့္ပါတယ္။

၉ – ဖုန္းရဲ႕ ဘက္ထရီအမွားရွိ၊ မရွိစစ္ေဆးပါ

၂၀၁၅ စက္တင္ဘာနဲ႔ ေအာက္တိုဘာၾကားမွာ ထုတ္ထားတဲ့ iPhone 6s ေမာ္ဒယ္ေတြမွာ ဘက္ထရီျပႆနာရွိတယ္လို႔ Apple က အတည္ျပဳထားပါတယ္။ ဒါေၾကာင့္ iPhone 6s အသံုးျပဳသူေတြ အေနနဲ႔ http://apple.co/2lme0GFဆိုတဲ့ ဝက္ဘ္ဆိုက္မွာ ကိုယ့္ဖုန္းရဲ႕ serieal ကို ထည့္သြင္းၿပီး စစ္ေဆးႏိုင္ပါတယ္။

-စည္သူ

[ Unicode ]

ဖုန်းတစ်လုံးရဲ့ ဘက်ထရီသုံးစွဲနိုင်မှု ကြာချိန်ဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာတတ်ပါတယ်။ ဒီလိုသုံးစွဲနိုင်မှုသက်တမ်း တဖြည်းဖြည်း နည်းပါးလာတဲ့ ဘက်ထရီတွေကိုသက်တမ််း ပိုမိုကြာရှည်စွာသုံးစွဲနိုင်ဖို့အတွက် tweak အချို့ရှိပါတယ်။ ဘက်ထရီသက်တမ်း ပိုမိုကြာရှည်စွာ အသုံးပြုနိုင်ဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်နိုင်ပါတယ်။

၁ – Wi-Fi Assist ကိုပိတ်ထားပါ

ဖုန်းမှာပါဝင်တဲ့ Wi-Fi Assist ဆိုတာက Wi-Fi အသုံးပြုနေရာကနေ connection ချိတ်ဆက်နိုင်မှုအကွာအဝေးနဲ့ ဝေးသွားတဲ့အချိန်မှာ cellular data ကို ဆက်လက်အသုံးပြုနိုင်စေမယ့် feature တစ်ခုဖြစ်ပါတယ်။ Wi-Fi network ကနေ ထွက်သွားတဲ့အခါမှာ အင်တာနက် ပြတ်တောက် မသွားစေရန်အတွက် cellular data ကို ချိတ်ဆက်အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားတဲ့ နည်းပညာဖြစ်ပါတယ်။

၂ – Screen Time ကိုလျှော့ချပါ

ဘက်ထရီလျှော့ချတဲ့ နည်းလမ်းတွေထဲမှာ ဘက်ထရီသုံးစွဲမှု ရာခိုင်နှုန်းအများဆုံးက ဘာလဲဆိုတာကို သိရှိဖို့က အရေးကြီးပါတယ်။ ဥပမာ – ဘယ် app တွေက ဘက်ထရီဘယ်လောက် သုံးစွဲတယ်။ iMessage ကို သုံးစွဲမှုကြောင့် ဘက်ထရီဘယ်လောက် ကုန်တယ်။ ဂိမ်းတွေကစားတာနဲ့ Lock screen ပွင့်နေတာတွေက ဘက်ထရီဘယ်လောက် ရာခိုင်နှုန်းသုံးစွဲတယ်ဆိုတဲ့ အချက်အလက်တွေကို သိရှိထားခြင်းက ဘက်ထရီသုံးစွဲမှုများတဲ့ အခြေအနေတွေကို လျှော့ချနိုင်ပါတယ်။ ဒါကြောင့် ဘက်ထရီသုံးစွဲမှုရာခိုင်နှုန်းအခြေအနေကို သိချင်ရင် Settings ထဲကိုသွားရပါမယ်။ Settings အောက်ကမှ Battery ဆိုတာကို ရွေးချယ်ပါ။ Battery settings ထဲကို ရောက်သွားပြီဆိုရင် Battery usage ဆိုတာကို ခေတ္တစောင့်ပေးလိုက်ပါ။ ပြီးရင် Battery usages ထဲမှာ ညာဘက်ထောင့်မှာရှိတဲ့ နာရီပုံလေးကို နှိပ်ရပါမယ်။ ဒါဆိုရင် ဘယ် app က ဘယ်လောက်ထိ အသုံးပြုထားတယ်၊ ဘယ် app တွေမှာ ဘက်ထရီဘယ်လောက် ရာခိုင်နှုန်းသုံးစွဲတယ်ဆိုတာကို ရာခိုင်နှုန်းတွေနဲ့ ဖော်ပြပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

၃ – လိုင်းမမိတဲ့ နေရာတွေမှာ Disconnected လုပ်ထားပါ

ခရီးသွားတဲ့အခါမှာ cellular network မမိတဲ့နေရာမျိုးကို ရောက်နေတယ်ဆိုရင် cellular data ကို ပိတ်ထားသင့်ပါတယ်။ Cellular data ဟာ လိုင်းမမိတဲ့အချိန်မှာ connect ပြန်လည်ပြုလုပ်နိုင်ဖို့အတွက် ပိုမိုအလုပ်လုပ်ဆောင်ပြီး ရှာဖွေနေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ cellular data ကို မပိတ်ဘဲ ဆက်လက်ဖွင့်ထားမယ်ဆိုရင် ဘက်ထရီဟာ အကုန်မြန်နိုင်တာကြောင့် ပိတ်ထားသင့်ပါတယ်။ Cellular data ကို ပိတ်ဖို့အတွက် Settings > Cellular > Cellular data ဆိုတဲ့ toggle ကို ပိတ်ထားရပါမယ်။

၄ – Location Service settings တွေကို ချိန်ညှိပါ

အခြားသော app တွေက Location service ကို အသုံးပြုဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် Location service အသုံးပြုဖို့မလိုတဲ့ app တွေကိုလိုက်ပြီး settings တွေကို ချိန်ညှိကာပိတ်ထားသင့်ပါတယ်။ Location service ကို အသုံးပြုတာဟာ ဘက်ထရီသက်တမ်းကို လျော့ကျစေပါတယ်။ Location service တွေကို ချိန်ညှိဖို့အတွက် ပထမဆုံး Settings ကိုသွားပါ။ ပြီးရင် Privacy ဆိုတာကို သွားရပါမယ်။

Privacy အောက်ကမှ Location services ဆိုတာကို ရွေးချယ်ပြီး app တစ်ခုချင်းစီမှာ settings ကို ချိန်ညှိရပါမယ်။ Location service
မလိုအပ်တဲ့ app တွေကို Never ဆိုတာကို ရွေးချယ်ပြီး လိုအပ်မယ်ထင်တဲ့ app တွေကိုတော့ While using the app ဆိုတာကို ရွေးချယ်ပေးထားမယ်ဆိုရင် Locating service on ထားရင်တောင် လိုအပ်တဲ့ app တွေမှသာ Location service က အလုပ်လုပ်မှာ ဖြစ်ပါတယ်။

၅ – Background app refresher ကို Disable လုပ်ပါ

Location service လိုမျိုး app တွေအားလုံးဟာ နောက်ကွယ်မှာ refresh ပြုလုပ်စရာမလိုအပ်ပါဘူး။ App တွေဟာ နောက်ကွယ်မှာ refresh ပြုလုပ်နေတာကြောင့် ဘက်ထရီကုန်ဆုံးနိုင်မှုရာခိုင်နှုန်း ပိုမိုများပြားနိုင်ပါတယ်။ Background app refresher ကို disable ပြုလုပ်ဖို့အတွက် Settings ထဲကိုသွားပါ။ Settings အောက်ကမှ General ကိုရွေးချယ်ပါ။ ပြီးရင် Background app refresher ဆိုတာကို နှိပ်ပါ။ Background app refresher ထဲကိုရောက်ပြီဆိုရင် Background app refresher ဆိုတဲ့ toggle ကို ပိတ်ထားရမှာ ဖြစ်ပါတယ်။

၆ – Auto brightness ကို Disable လုပ်ပါ

Auto brightness feature ဟာလည်း ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင် အခြေအနေကိုလိုက်ပြီး screen အလင်းအမှောင်ကို ချိန်ညှိပေး တာကြောင့် စွမ်းအင်ကို အများအပြားသုံးစွဲပါတယ်။ ဒါကြောင့် screen ရဲ့အလင်းအမှောင်ကို manual ချိန်ညှိပြီး အသုံးပြုဖို့အတွက် Auto brightness ဆိုတာကို disable ပြုလုပ်ထားသင့်ပါတယ်။ Settings ကိုသွားပါ။ ပြီးရင် Display & Brightness ဆိုတာကို ရွေးချယ်ပေးရပါမယ်။ အဲဒီအောက်ကမှ Auto brightness ဆိုတဲ့ toggle ကို disable ပြုလုပ် ထားရပါမယ်။

၇ – Hard Reset ပြုလုပ်ပြီးလုပ်ဆောင်ချက် ပိုမိုကောင်းမွန်အောင် လုပ်ပါ

Hard Reset ပြုလုပ်ခြင်းဟာ RAM နဲ့ background process တွေကို အမြန်ဆုံးရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် Hard reset ပြုလုပ်ပြီးသင့်ရဲ့ iPhone လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန် အောင်လည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၈ – Email settings ကိုချိန်ညှိပါ

တကယ်လို့ email settings မှာ mail account ကို Push လို့ သတ်မှတ်ထားတယ်ဆိုရင် email အသစ်တွေကို စစ်ဆေးဖို့အတွက် network ကို ချိတ်ဆက်ပါလိမ့်မယ်။ ဒါဟာ ဘက်ထရီကို အကုန်မြန်စေနိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ Fetch ဆိုတာကတော့
email အသစ်တွေကိုအချိန်အပိုင်းအခြားနဲ့ စစ်ဆေးပေးပါတယ်။ ဒါကြောင့် mail settings ထဲကိုသွားပြီး Fetch ဆိုတာကို ပြောင်း ထားသင့်ပါတယ်။

၉ – ဖုန်းရဲ့ ဘက်ထရီအမှားရှိ၊ မရှိစစ်ဆေးပါ

၂၀၁၅ စက်တင်ဘာနဲ့ အောက်တိုဘာကြားမှာ ထုတ်ထားတဲ့ iPhone 6s မော်ဒယ်တွေမှာ ဘက်ထရီပြဿနာရှိတယ်လို့ Apple က အတည်ပြုထားပါတယ်။ ဒါကြောင့် iPhone 6s အသုံးပြုသူတွေ အနေနဲ့ http://apple.co/2lme0GFဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ကိုယ့်ဖုန်းရဲ့ serieal ကို ထည့်သွင်းပြီး စစ်ဆေးနိုင်ပါတယ်။