ဘက္ထရီသက္တမ္းေကာင္းမြန္တဲ့ ဖုန္း (၆) မ်ိဳး

[ Zawgyi ]

ဒီေန႔ေခတ္မွာ ဖုန္းရဲ႕ဘက္ထရီသက္တမ္းကလည္း အေရးပါလာတယ္။ ဖုန္းတစ္လုံးကုိ တစ္ေန႔လုံး ပုံမွန္အသုံးျပဳမယ္ဆုိရင္ တစ္ရက္နီးပါး အသုံးျပဳႏိုင္ပါတယ္။ ဒါေပမဲ့ လြန္လြန္ကဲကဲ အသုံးျပဳမယ္ဆုိရင္ေတာ့ မၾကာခဏ အားသြင္းရပါမယ္။ ဖုန္းကုိ အသုံးျပဳတာ သက္တမ္းၾကာလာတာနဲ႔အမွ် ဘက္ထရီစြမ္းေဆာင္ရည္ကလည္း က်ဆင္းလာမွာ ျဖစ္ပါတယ္။

ဘက္ထရီသက္တမ္း က်ဆင္းလာတာနဲ႔အမွ် ဆက္သြယ္ေရးကိစၥေတြကလည္း ေၾကာက္စရာေကာင္းေလာက္ေအာင္ ဆုံး႐ႈံးမႈ ျဖစ္ေပၚလာႏိုင္ပါတယ္။ ဒါေၾကာင့္ သုံးစြဲသူေတြအေနနဲ႔ ဖုန္းဝယ္ယူတဲ့အခါ ဘက္ထရီသက္တမ္း တာရွည္ခံၿပီး ေကာင္းမြန္တဲ့ထုတ္ကုန္ကုိ ေရြးခ်ယ္သင့္ပါတယ္။

အခုဆိုရင္ ဘက္ထရီသက္တမ္း ေကာင္းမြန္တဲ့ ဖုန္း (၆) မ်ိဳးကုိ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

Apple iPhone XR

ေနာက္ဆုံးေပၚ iPhone သံုးမ်ိဳးထဲက ဘက္ထရီသက္တမ္း အေကာင္းဆုံး iPhone XR ကုိ ၁၉ နာရီနဲ႔ ၅၃ မိနစ္ အထိ အသုံးျပဳႏိုင္ပါတယ္။ iPhone XR ဟာ ကုိယ္ထည္ဒီဇိုင္း ေကာင္းမြန္ၿပီး မ်က္ႏွာျပင္ႀကီးမားသလို Face ID နဲ႔ ႀကိဳးမဲ့အားသြင္းစနစ္လညး္ ပါဝင္လာပါတယ္။ iPhone XS နီးပါးေလာက္ ကင္မရာေကာင္းမြန္ပါတယ္။

Samsung Galaxy S10 Plus

Galaxy S10 Plus မွာထူးျခားတဲ့ AMOLED မ်က္ႏွာျပင္ပါဝင္ၿပီး အျခားထုတ္ကုန္ကုိ ႀကိဳးမဲ့အားသြင္းေပးႏိုင္ပါတယ္။ အသုံးဝင္တဲ့ ကင္မရာ tool ေတြလည္းပါဝင္လာပါတယ္။ ဘက္ထရီကလည္း အလြန္ႀကီးမားၿပီး ၂၁ နာရီအထိ အသုံးျပဳႏိုင္ပါတယ္။ ဘက္ထရီစမ္းသပ္မႈေတြမ်ားစြာအရ ၁၈ နာရီအထိ အသုံးျပဳႏိုင္တယ္လို႔ ေဖာ္ျပေနၾကပါတယ္။

Motorola Moto G7 Power

Moto G7 Power မွာ Moto G7 ထုတ္ကုန္သစ္လိုမ်ိဳး ေက်ာဘက္ကင္မရာ ၂ လုံး မပါဝင္ေပမယ့္ ဘက္ထရီကေတာ့ ႀကီးမားပါတယ္။ G7 Power ဘက္ထရီက 5,000mAh ျဖစ္ၿပီး ၂၃ နာရီနဲ႔ ၁၀ မိနစ္အထိ သုံးႏိုင္ၿပီး စမ္းသပ္မႈအရ တာရွည္အခံဆုံး စမတ္ဖုန္းျဖစ္ပါတယ္။

Huawei P30 Pro

Huawei P30 Pro ထဲမွာ ကင္မရာ ၄ လုံးပါဝင္သလို ဒီဇိုင္းလည္း လွပပါတယ္။ P30 Pro ရဲ႕ဘက္ထရီ 4,200mAh ျဖစ္ၿပီး ၂၂ နာရီနဲ႔ ၅၇ မိနစ္အထိ အသုံးျပဳႏိုင္ပါတယ္။ အရြယ္ေသးငယ္တဲ့ Huawei P30 ကိုေတာ့ ၂၁ နာရီနဲ႔ ၃၁ မိနစ္ အသုံးျပဳႏိုင္ပါတယ္။

Samsung Galaxy Note 9

Samsung ဟာ Note 10 ကို ၾသဂုတ္လ ၇ ရက္မွာ မိတ္ဆက္မွာျဖစ္ပါတယ္။ ဒါေပမဲ့ Note 9 ဟာ အခုခ်ိန္ထိ ထင္ရွားတဲ့ ဖုန္းျဖစ္ပါတယ္။ Note 9 ကုိ ၁၉ နာရီ မိနစ္ ၂၀ အထိ အသုံးျပဳႏိုင္ပါတယ္။ Note 9 ရဲ႕မ်က္ႏွာျပင္က ႀကီးမားေတာက္ပၿပီး S Pen stylus လည္းပါဝင္ကာ ဖုန္းကင္မရာ shutter နဲ႔ခ်ိတ္ထားၿပီး storage လည္း မ်ားျပားပါတယ္။

LG V50 ThinQ

LG ရဲ႕ V50 ThinQ ကုိ ၁၇ နာရီနဲ႔ ၄၉ မိနစ္အထိ အသုံးျပဳႏိုင္ပါတယ္။ ဖုန္းမွာ စုစုေပါင္း ကင္မရာ ၅ လုံးပါဝင္ၿပီး ေရစိုခံသလို နားၾကပ္ေပါက္လည္း ပါဝင္လာပါတယ္။ LG V50 ThinQ ဖုန္းကုိ 5G ကြန္ရက္သုံး ဗားရွင္းလည္း ထုတ္လုပ္ထားတဲ့ အင္တာနက္ကုိ ျမန္ဆန္စြာ အသုံးျပဳလုိသူေတြ ႀကိဳက္ႏွစ္သက္မယ့္ဖုန္းလည္း ျဖစ္ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

ဒီနေ့ခေတ်မှာ ဖုန်းရဲ့ဘက်ထရီသက်တမ်းကလည်း အရေးပါလာတယ်။ ဖုန်းတစ်လုံးကို တစ်နေ့လုံး ပုံမှန်အသုံးပြုမယ်ဆိုရင် တစ်ရက်နီးပါး အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ လွန်လွန်ကဲကဲ အသုံးပြုမယ်ဆိုရင်တော့ မကြာခဏ အားသွင်းရပါမယ်။ ဖုန်းကို အသုံးပြုတာ သက်တမ်းကြာလာတာနဲ့အမျှ ဘက်ထရီစွမ်းဆောင်ရည်ကလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်း ကျဆင်းလာတာနဲ့အမျှ ဆက်သွယ်ရေးကိစ္စတွေကလည်း ကြောက်စရာကောင်းလောက်အောင် ဆုံးရှုံးမှု ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ဖုန်းဝယ်ယူတဲ့အခါ ဘက်ထရီသက်တမ်း တာရှည်ခံပြီး ကောင်းမွန်တဲ့ထုတ်ကုန်ကို ရွေးချယ်သင့်ပါတယ်။
အခုဆိုရင် ဘက်ထရီသက်တမ်း ကောင်းမွန်တဲ့ ဖုန်း (၆) မျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Apple iPhone XR

နောက်ဆုံးပေါ် iPhone သုံးမျိုးထဲက ဘက်ထရီသက်တမ်း အကောင်းဆုံး iPhone XR ကို ၁၉ နာရီနဲ့ ၅၃ မိနစ် အထိ အသုံးပြုနိုင်ပါတယ်။ iPhone XR ဟာ ကိုယ်ထည်ဒီဇိုင်း ကောင်းမွန်ပြီး မျက်နှာပြင်ကြီးမားသလို Face ID နဲ့ ကြိုးမဲ့အားသွင်းစနစ်လညး် ပါဝင်လာပါတယ်။ iPhone XS နီးပါးလောက် ကင်မရာကောင်းမွန်ပါတယ်။

Samsung Galaxy S10 Plus

Galaxy S10 Plus မှာထူးခြားတဲ့ AMOLED မျက်နှာပြင်ပါဝင်ပြီး အခြားထုတ်ကုန်ကို ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။ အသုံးဝင်တဲ့ ကင်မရာ tool တွေလည်းပါဝင်လာပါတယ်။ ဘက်ထရီကလည်း အလွန်ကြီးမားပြီး ၂၁ နာရီအထိ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီစမ်းသပ်မှုတွေများစွာအရ ၁၈ နာရီအထိ အသုံးပြုနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

Motorola Moto G7 Power

Moto G7 Power မှာ Moto G7 ထုတ်ကုန်သစ်လိုမျိုး ကျောဘက်ကင်မရာ ၂ လုံး မပါဝင်ပေမယ့် ဘက်ထရီကတော့ ကြီးမားပါတယ်။ G7 Power ဘက်ထရီက 5,000mAh ဖြစ်ပြီး ၂၃ နာရီနဲ့ ၁၀ မိနစ်အထိ သုံးနိုင်ပြီး စမ်းသပ်မှုအရ တာရှည်အခံဆုံး စမတ်ဖုန်းဖြစ်ပါတယ်။

Huawei P30 Pro

Huawei P30 Pro ထဲမှာ ကင်မရာ ၄ လုံးပါဝင်သလို ဒီဇိုင်းလည်း လှပပါတယ်။ P30 Pro ရဲ့ဘက်ထရီ 4,200mAh ဖြစ်ပြီး ၂၂ နာရီနဲ့ ၅၇ မိနစ်အထိ အသုံးပြုနိုင်ပါတယ်။ အရွယ်သေးငယ်တဲ့ Huawei P30 ကိုတော့ ၂၁ နာရီနဲ့ ၃၁ မိနစ် အသုံးပြုနိုင်ပါတယ်။

Samsung Galaxy Note 9

Samsung ဟာ Note 10 ကို သြဂုတ်လ ရ ရက်မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Note 9 ဟာ အခုချိန်ထိ ထင်ရှားတဲ့ ဖုန်းဖြစ်ပါတယ်။ Note 9 ကို ၁၉ နာရီ မိနစ် ၂၀ အထိ အသုံးပြုနိုင်ပါတယ်။ Note 9 ရဲ့မျက်နှာပြင်က ကြီးမားတောက်ပပြီး S Pen stylus လည်းပါဝင်ကာ ဖုန်းကင်မရာ shutter နဲ့ချိတ်ထားပြီး storage လည်း များပြားပါတယ်။

LG V50 ThinQ

LG ရဲ့ V50 ThinQ ကို ၁၇ နာရီနဲ့ ၄၉ မိနစ်အထိ အသုံးပြုနိုင်ပါတယ်။ ဖုန်းမှာ စုစုပေါင်း ကင်မရာ ၅ လုံးပါဝင်ပြီး ရေစိုခံသလို နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။ LG V50 ThinQ ဖုန်းကို 5G ကွန်ရက်သုံး ဗားရှင်းလည်း ထုတ်လုပ်ထားတဲ့ အင်တာနက်ကို မြန်ဆန်စွာ အသုံးပြုလိုသူတွေ ကြိုက်နှစ်သက်မယ့်ဖုန်းလည်း ဖြစ်ပါတယ်။

Ref: CNET