ဗြိတိသျှကောင်စီ၏ Middleton Hall အင်္ဂလိပ်စာသင်ကြားရေး ရေဒီယိုအစီအစဉ်ကို စတင်နားဆင်နိုင်

ဗြိတိသျှကောင်စီရဲ့ Middleton Hall အင်္ဂလိပ်စာသင်ကြားရေး ရေဒီယိုအစီအစဉ်ကို စက်တင်ဘာ ၁၃ ရက်မှ စတင်ကာ Mandalay FM မှာနားဆင်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဥ်ဟာ အသက် ၁၆ နှစ်မှ ၃၅ နှစ်အရွယ် အင်္ဂလိပ်စာလေ့လာနေသူများအတွက် ရည်ရွယ်ထားတာဖြစ်ပြီး သင်ခန်းစာတွေကို အင်္ဂလိပ်ဘာသာစကား နားလည်မှုအဆင့် အသင့်အတင့်ရှိရုံနဲ့ နားဆင်လေ့ကျင့်နိုင်အောင် စီစဉ်ထားပြီး ၁၅ မိနစ်စာ အပိုင်းတွေနဲ့ တင်ဆက်ပေးမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူတွေ အနေနဲ့ စက်တင်ဘာ ၁၃ ရက်မှစတင်ကာ အပတ်စဉ် တနင်္ဂနွေ၊ နေ့လယ် ၁၂ နာရီ မှ ၁ နာရီ မှာလည်းကောင်း၊ ကြာသပတေးနေ့ နေ့လယ် ၃ နာရီမှ ၄ နာရီ မှာလည်းကောင်း နားဆင်နိုင်မှာ ဖြစ်ပါတယ်။

Mandalay FM ကို မန္တလေးမြို့နဲ့ မိုင် (၉၀) ပတ်လည်၊ တောင်ငူမြို့နဲ့ မိုင် (၃၀) ပတ်လည်၊ ရန်ကုန်မြို့နဲ့ မိုင် (၆၀) ပတ်လည်တို့မှာ 87.9 MHz ကနေ ဖမ်းယူနားဆင်နိုင်ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့နဲ့ မိုင် (၃၀) ပတ်လည်မှာ နားဆင်သူတွေအတွက်ကတော့ 88.3 MHz မှ တစ်ဆင့် ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««